သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်တွေ အမေရိကန် စတင်ဖျက်ဆီး


ဆီးရီးယားနိုင်ငံအတွင်းက ဖျက်ဆီးဖို့ သဘောတူထားတဲ့ ဓာတုလက်နက်တွေကို ဒုတိယအကြိမ် သယ်ဆောင်လာတဲ့ နော်ဝေသင်္ဘော။
ဆီးရီးယားနိုင်ငံအတွင်းက ဖျက်ဆီးဖို့ သဘောတူထားတဲ့ ဓာတုလက်နက်တွေကို ဒုတိယအကြိမ် သယ်ဆောင်လာတဲ့ နော်ဝေသင်္ဘော။

အမေရိကန် ကုန်သေတ္တာတင် သင်္ဘောတစင်းပေါ်မှာ တင်ဆောင်လာတဲ့ ဆီးရီးယားနိုင်ငံက ဓါတုလက်နက်တွေကို မက်ဒစ်တာရေးနီးယမ်း ပင်လယ်ပြင်အတွင်းမှာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေက စတင်ပြီး ဖျက်ဆီးနေပါပြီ။

အရေပြားကိုလောင်ကျွမ်းစေတဲ့ အဆိပ်ဓါတ်ငွေ့တွေ၊ အာရုံကြောတွေကိုထိခိုက် ပျက်စီးစေတဲ့ အဆိပ်ဓါတ်ငွေ့ရည်တွေ အပါအဝင် မက်ထရစ်တန် ၆၀၀ ရှိတဲ့ ဓါတုလက်နက်တွေကို ဖျက်ဆီးဖို့အတွက် အချိန် ၂ လ လောက် ယူရလိမ့်မယ်လို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

Cape Ray လို့ အမည်ရှိတဲ့ အဲဒီသင်္ဘောမှာ hydrolysis system တပ်ဆင်ထားပြီး အဲဒီစနစ်ဟာ ရေနဲ့ ဆိုဒီယမ် ဟိုက်ဒြောက်ဆိုဒ်လို စွန့်ပစ် ဓါတုပစ္စည်းတွေကို ဓါတ်ပြယ်စေပြီး အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ နိုင်ငံတကာရေပိုင်နက် နယ်မြေအတွင်းမှာ ရှိနေပြီး အခုလိုလုပ်ဆောင်နေမှုကနေ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရအောင် အထူးဂရုစိုက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အဲဒီဓာတ်ပြယ်ဓါတုပစ္စည်းတွေကို ဖင်လန်နဲ့ ဂျာမနီနိုင်ငံတွေကို အဆုံးသတ် ဖျက်ဆီးပစ်ဖို့ လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီဓါတုလက်နက်တွေကို ကုလသမဂ္ဂနဲ့ မနှစ်တုံးကရရှိခဲ့တဲ့ သဘောတူညီချက်အရ ဆီးရီးယားက လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား

XS
SM
MD
LG