ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေအတွင်း ဓာတုလက်နက်အချို့ သုံးစွဲခဲ့တယ်လို့ ယုံကြည်ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ် တစ်စောင်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆီးရီးယားအရေး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူ့အခွင့်အရေးကောင်စီကို ပေးပို့တဲ့ အစီရင်ခံစာထဲမှာ ဘယ်လို အမျိုးအစား ဓာတုလက်နက်တွေကို သုံးစွဲတယ်။ ဘယ်သူတွေက သုံးခဲ့တယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချက်အလက် လုံလုံလောက်လောက် မရှိသေးတဲ့အကြောင်း ပြောပါတယ်။
ဒါကို အတိအကျ ဆုံးဖြတ်ဖို့ဆိုရင် ဓာတုလက်နက်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဓာတုလက်နက် သုံးစွဲပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ နေရာက ပစ္စည်း နမူနာကို ကြည့်ပြီးမှသာ ဆုံးဖြတ်နိုင်မယ်ဆိုပြီး အစီရင်ခံစာက ပြောပါတယ်။ ဆီးရီးယားနိုင်ငံအနေနဲ့ ဓာတုလက်နက် သုံးစွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလအဖွဲ့ တစ်ဖွဲ့စေလွှတ်မယ်ဆိုရင် လက်ခံဖို့ကိုလည်း တိုက်တွန်းထားတာပါ။
ဆီးရီးယားဘက်ကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာ တစ်နေရာကိုပဲ စစ်ဆေးခွင့် ပေးမယ်ဆိုပြီး ပြောထားပါတယ်။ ၂ နှစ်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရဘက်ကရော သူပုန်တွေဘက်ကပါ ဓာတုလက်နက် သုံးစွဲတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့တာပါ။
ဒီလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လက်နက်တွေ ပိုပြီး သုံးစွဲလာရင် လူ့အခွင့်အရေး ချိုးဖောက်မှု အန္တရာယ်တွေ ရှိလာနိုင်တဲ့အကြောင်း အင်္ဂါနေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က သတိပေးခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ပေါ်လို ဆာဂျီယို ပင်ဟဲရိုး (Paulo Sérgio Pinheiro) က ဒီတိုက်ပွဲတွေအတွင်း ဆီးရီးယားပြည်သူတွေဟာ ထိတ်လန့်စရာ အကျိုးဆက်တွေ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း အထောက်အထားတွေ ရှိထားတယ်ဆိုပြီးတော့လည်း ပြောပါတယ်။