သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကထွက်ပြေးတဲ့ ကလေးဒုက္ခသည် တစ်သန်းရှိပြီ


အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသအတွင်း အာဘီလ်မြို့အပြင်ဘက် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ဆီးရီးယား စစ်ပြေးဒုက္ခသည်မိသားစု။
အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသအတွင်း အာဘီလ်မြို့အပြင်ဘက် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ဆီးရီးယား စစ်ပြေးဒုက္ခသည်မိသားစု။
ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကလေးငယ်အရေအတွက်ဟာ တစ်သန်းရှိသွားပြီလို့ ကုလသမဂ္ဂ ကလေးနဲ့ဒုက္ခသည်များဆိုင်ရာ အေဂျင်စီတွေက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

တခြားဒုက္ခသည် ၂ သန်းလောက်ဟာလည်း အိုးအိမ်တွေကို စွန့်ခွာပြီး ဆီးရီးယားနိုင်ငံနယ်စပ်တွေမှာ ရောက်ရှိနေကြတယ်လို့ ပြောပါတယ်။
ငယ်ရွယ်တဲ့ ဆီးရီယားကလေး ဒုက္ခသည်တွေဟာ လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီ၊ အီရတ်၊ အီဂျစ်၊ မြောက်အာဖရိကနဲ့ ဥရောပနိုင်ငံတွေမှာ ခိုလှုံနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေဖွဲ့ UNICEF တို့က ပြောပါတယ်။

ဒီကလေးဒုက္ခသည်တွေ ရင်ဆိုင်နေကြရတာတွေကတော့ ကလေးအလုပ်သမားအဖြစ် စုဆောင်းခံရတာတွေ၊ အရွယ်မရောက်ခင် ထိမ်းမြားလက်ထပ် ပေါင်းသင်းခံရတဲ့ အဖြစ်မျိုးတွေ၊ လူကုန်ကူးခံရတဲ့ကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်လို့ ကုလအေဂျင်စီတွေက ပြောပါတယ်။

ကုလသမဂ္ဂကျွမ်းကျင်သူတွေကတော့ ဒုက္ခသည် ကလေးငယ်တွေထဲက ၈ သိန်း နီးပါးလောက်ဟာ ၁၁ နှစ်အောက် ကလေးငယ်တွေဖြစ်ကြတယ်လို့ ပြောပါတယ်။
XS
SM
MD
LG