သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကအပစ်မရပ်တဲ့ဟုမ်းစ်မြို့ ကုလကူညီရေးခက်ခဲ


ဆီးရီးယား-အာရပ် ကြက်ခြေနီအဖွဲ့ဝင်တွေက စားစရာနဲ့ သောက်ရေတချို့ စစ်ဘေးဒုက္ခသည်တွေကို ဝေငှပေးနေစဉ်။ (ဖေဖော်ဝါရီလ ၇၊ ၂၀၁၄)
ဆီးရီးယား-အာရပ် ကြက်ခြေနီအဖွဲ့ဝင်တွေက စားစရာနဲ့ သောက်ရေတချို့ စစ်ဘေးဒုက္ခသည်တွေကို ဝေငှပေးနေစဉ်။ (ဖေဖော်ဝါရီလ ၇၊ ၂၀၁၄)
ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့ သူပုန်တွေတိုက်ပွဲဖြစ်နေတဲ့ Homs မြို့မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲပါမယ်လို့ ၂ ဘက်လုံးက သဘောတူထားပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂရဲ့ အကူအညီပေးဖို့အားထုတ်မှုတွေ အဟန့်အတား ဖြစ်နေပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေးပျက်သွားတာနဲ့ ကူညီကယ်ဆယ်ရေးလုပ်သားတွေ ပစ်မှတ်ခံထားရတဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂအရေးပေါ် ကူညီကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Valerie Amos ကပြောပါတယ်။

ဆီးရီးယားမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေ အရပ်သားတွေ နေ့တဓူဝ အန္တရာယ်နဲ့ ဘယ်လောက် ရင်ဆိုင်နေရတယ်ဆိုတာကို ရှင်ရှင်းထပ်ပြီးပြလိုက်တာပဲလို့ သူကပြောကြားခဲ့ပါတယ်။ Homs မြို့ထဲက အရပ်သားတွေကို နောက်ထပ် ကယ်ထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ Syrian Arab လခြမ်းနီအဖွဲ့ အကြီးအကဲက AP သတင်းဌာနကို ပြောပါတယ်။

စနေနေ့တုန်းက အကူအညီပေးမယ့် ပစ္စည်းတွေတင်ဆောင်လာတဲ့ Truck ကားတွေအပေါ် ဘယ်ကမှန်းမသိသူတွေက ပစ်ခတ်လို့ ယဉ်မောင်းတယောက် ဒဏ်ရာရသွားတယ်လို့ ဆီးရီးယား လခြမ်းနီအဖွဲ့က ပြောပါတယ်။ သူတို့ရဲ့ ယဉ်တန်းနားကို မော်တာကျည်ဆံတွေ ကျတယ်လို့လည်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုတွေကြားပိတ်မိနေတဲ့ အရပ်သားတွေ မြို့ထဲက ထွက်သွားနိုင်ဖို့နဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူထားတာကို ဖောက်ဖျက်တာနဲ့ပတ်သက်လို့ ဆီးရီးယားအစိုးရတပ်တွေနဲ့ သူပုန်တွေက တဘက်ကို တဘက် အပြစ်တင်နေပါတယ်။
XS
SM
MD
LG