သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား Aleppo မြို့စိုးရိမ်ဖွယ် ကုလ သတိပေး


စိုးရိမ်ဖွယ်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ Aleppo မြို့
စိုးရိမ်ဖွယ်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ Aleppo မြို့

ဆီးရီးယားအစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ Aleppo မြို့ကို ဝိုင်းထားနိုင်ရင် လူ ၃ သိန်းလောက်ဟာ လူသားချင်းစာနိုင်မှု ဆိုင်ရာအကူအညီ ရနိုင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂက ဒီကနေ့ သတိပေး လိုက်ပါတယ်။

Aleppo မြို့နဲ့ တူရကီနယ်စပ်နားက Bab al Salam အရပ်ကို ဆက်သွယ်ထားတဲ့ သူပုန်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အဲဒီ တပ်ဖွဲ့တွေက ဖြတ်တောက် ထားပြီး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ တကယ်လို့သာ မြို့ကိုသိမ်းပိုက်လိုက်ရင်တော့ အလပ်ပိုကနေ နောက်ထပ် အရပ်သား ၁ သိန်းကနေ ၁ သိန်းခွဲလောက်အထိ ထွက်ပြေးရဖွယ်ရှိနေပါတယ်။

အလပ်ပိုကနေ တူရကီနယ်စပ်နားက A’zaz ကိုထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သောင်း ၁ ထောင်အတွက် အစားအစာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဒီကနေ့ ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲ Jakob Kern က အလပ်ပိုက အခြေအနေဟာ ထိလွယ်ရှလွယ် ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတ Bashar al-Assed အစိုးရကို ၅ နှစ်ကြာတိုက်ခိုက်နေတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ အစိုးရလိုလားတဲ့ တပ်တွေဟာ အလပ်ပိုကို တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ရုရှားစစ်လေယာဉ်တွေဟာ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တွေနဲ့ တခြားသူပုန်အဖွဲ့ဝင်တွေဟာ ဥမင်လှိုင်ခေါင်းတွေထဲမှာ အကာအကွယ်ယူနေထိုင်နေကြရပါတယ်။ ဒီလိုအခြေအနေအောက်မှာ သူပုန်တွေဟာ စိတ်ဓာတ်ပိုင်း ရေးရာ ကျဆင်းနေတယ်လို့ သူပုန်အဖွဲ့ဝင်တဦးက VOA ကိုပြောဆိုပြီး အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကြား အနောက်နိုင်ငံတွေအနေနဲ့ သူတို့ကို လစ်လျူရှုထားတယ်ဆိုပြီးတော့လည်း ရှုမြင်နေကြပါတယ်။

XS
SM
MD
LG