သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေး Easter နေ့မှာ ပုပ်ရဟန်းမင်းကြီး တောင်းဆို

ဒီကနေ့ကျရောက်တဲ့ ယေရှုခရစ်တော် ပြန်လည် ရှင်ပြန် ထမြောက်ခြင်း အီစတာ (Easter) ဘာသာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ ဗာတီကန် ဘာသာရေး မြို့တော် (Vertican City) က စိန့်ပီတာရင်ပြင် (St. Peter Square) မှာ ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ် (Benedict) က ရိုမန်ကက်သလစ် ဘာသာဝင် တစ်သိန်း ကျော်ရှိတဲ့ လူစုလူဝေးကြီးကို သြဝါဒ မြွက်ကြားရာမှာ ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ အပြန်အလှန် တန်းတူ လေးစားမှုရှိရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့ အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကတိကဝတ် တရပ်ထားရှိဖို့ကို ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကို ပုပ်ရဟန်းမင်းကြီးက ဆန့်ကျင်ရှုတ်ချခဲ့ပြီး ဒီကနေ့မှာပဲ ဖြစ်ပွားခဲ့တဲ့ နိုင်ဂျီးရီးယားက အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုနဲ့ မာလီနိုင်ငံက မပြီးပြတ်သေးတဲ့ စစ်အာဏာသိမ်းမှုတို့ အတွက်လည်း ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ Easter ဘာသာရေးနေ့ အစဉ်အလာ “urbi e orbi” မိန့်မှာချက်ကို ဘာသာစကား ၆၅ မျိုးနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ယေရှုခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ လက်ဖဝါးတွေကို စို့နဲ့ရိုက်သွင်းခံထားရလို့ ကွယ်လွန်သွားပြီး သုံးရက်အကြာမှာ ပြန်လည် ရှင်ပြန် ထမြောက်လာတယ်လို့ ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ မနေ့က စနေနေ့ညကလည်း ဂျေရုဆလင်မြို့ Holy Sepulcher ဘုရားရှိခိုးကျောင်း အနီးက ယေရှုခရစ်တော်ကို မြှုပ်နံှခဲ့ရာလို့ ယုံကြည်ကြတဲ့ နေရာမှာ ထောင်ပေါင်းများစွာသော ခရစ်ယာန်ဘာသာဝင်တွေ စုဝေးပြီး ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။ Eastern Orthodox ခရစ်ယာန်တွေဟာ Easter ဘာသာရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဧပြီ ၁၅ ရက် နေ့ထိ ဆင်နွဲှကြမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG