သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆိုင်ရာ အီဂျစ်သံအမတ် ပြန်ရုပ်သိမ်း


ဆီးရီးယားဆိုင်ရာ အီဂျစ်သံအမတ် ပြန်ရုပ်သိမ်း
ဆီးရီးယားဆိုင်ရာ အီဂျစ်သံအမတ် ပြန်ရုပ်သိမ်း

အီဂျစ်နိုင်ငံက ဆီးရီးယားနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ သံအမတ်ကို အီဂျစ်နိုင်ငံကို ပြန်လည် ခေါ်ယူလိုက်ပါတယ်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းနေတာကို အဆုံးသတ်အောင် တွန်းအားပေးတဲ့အနေနဲ့ အခုလို သံတမန်ရေးအရ ထပ်ပြီး ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားတပ်တွေဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တယ်လို့ ဆီရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သောကြာနေ့မှာ သေဆုံးခဲ့တဲ့တဲ့ ဆန္ဒပြတဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ကျင်းပနေတုန်းမှာ အစိုးရတပ်တွေက အခုလို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ အသုဘ အခမ်းအနားကို ဆီရီးယားပြည်သူ ထောင်ပေါင်းများစွာ ပါဝင်တက်ရောက် ခဲ့ကြပြီးတော့ အစိုးရဘက်က ပစ်ခတ်ခဲ့တာကြောင့် အသုဘ လိုက်ပါပို့ဆောင်သူ တစ်ဦး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ဆီရီးယားနိုင်ငံသားတွေဟာ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေကို တိုးပြီးတော့ လုပ်လာနေပြီး ဒမတ်စကက်မြို့နဲ့ အလယ်ပိုမြို့တွေမှာ ဆန္ဒပြတဲ့သူတွေ အတော်များများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG