ဆီးရီးယား အစိုးရအနေနဲ့ ဓာတုလက်နက်ကို ပြည်ပရန် ကာကွယ်ရေးအတွက်သာ အသုံးပြုမှာဖြစ်ပြီး ကိုယ့်နိုင်ငံအတွင်းက ပြည်သူတွေကို တိုက်ခိုက်ဖို့ ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ သိုလှောင်ထားတဲ့နေရာကို ဆီးရီးယား စစ်တပ်က လုံလုံခြုံခြုံ ကာကွယ် စောင့်ရှောက်မှု ပေးထားတဲ့အကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျီဟတ် မာ့ဒက်ဆီ က တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံ တပ်ဖွဲ့တွေဟာ မြို့တော် ဒမတ်စကတ်နဲ့ မြောက်ပိုင်းမြို့တော် အီလက်ပို တို့မှာ တနင်္လာနေ့တုန်းက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ ဆီးရီးယား နိုင်ငံအရေးနဲ့ ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ တနင်္လာနေ့မှာ အစည်းအဝေး ထိုင်ပြီး ဆွေးနွေးနေကြပြီး ဆီးရီးယားနိုင်ငံကို လေကြောင်းနဲ့ ရေကြောင်း ကနေ တင်ပို့မယ့် သံသယရှိတဲ့ ကုန်သေတ္တာတွေကို စစ်ဆေးခွင့်ပြုမယ့် အစီအစဉ်ကို ဝန်ကြီးတွေက အတည်ပြု ခဲ့ပါတယ်။
အဲဒီလို စစ်ဆေးမှုတွေကို ဥရောပသမဂ္ဂပိုင် နယ်နမိတ်အတွင်းမှာသာ ပြုလုပ်မှာဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလအတွင်း ချမှတ်ထားခဲ့ပြီးသားဖြစ်တဲ့ လက်နက်ပိတ်ဆို့မှု အစီအစဉ်ကို တိုးချဲ့ အကောင်ထည်ဖော်တာ ဖြစ်ပါတယ်။