သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆီရီးယား Ghouta အရှေ့ခြမ်းဒေသ အကူအညီတွေဆိုက်ရောက်


အကူအညီထောက်ပံ့ပစ္စည်းပါ ယာဉ်တန်း

ဆီးရီးယား နိုင်ငံက သူပုန် ထိန်းချုပ်ရာ Ghouta အရှေ့ပိုင်း ဒေသတွင်းကို လူသားချင်း စာနာမှု အထောက်အကူတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၀င်ရောက်နိုင်ခဲ့ပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းတို့က ဒီကနေ့ တနလာင်္နေ့မှာ ပြောဆိုကြပါတယ်။

ကုန်တင်ကား ၄၆ စင်းပါ ယာဉ်တန်းမှာတော့ လူပေါင်း ၂ သောင်း ၇ ထောင့် ၅ ရာ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အထောက်အပံ့တွေ သယ်ဆောင်လာခဲ့ကြောင်း ICRC ရဲ့ ဆီးရီးယား ကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။

ဒါပေမယ့် အသက်ကယ် ကျန်းမာရေး အထောက်အပံ့ ပစ္စည်းတွေကိုတော့ သယ်ဆောင်ခွင့် မပေးခဲ့ဘူးလို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ရုံးက ပြောဆိုပါတယ်။ အကူအညီပေးရေး အဖွဲ့တွေကလည်း သူတို့ ပေးပို့တဲ့ ပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့တာနဲ့ ပတ်သက်လို့ အရင်ကလည်း ဝေဖန် ပြောဆိုတာတွေ ရှိခဲ့တာပါ။ Ghouta အရှေ့ပိုင်း ဒေသတွင်းကို ဒီကနေ့ အကူအညီပေးရေး ယာဉ်တန်း ၀င်ရောက်ခွင့် ရတာကတော့ သတင်း သုံးပတ် နီးပါး အတွင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

Ghouta အရှေ့ပိုင်းက လူပေါင်း ၄ သိန်း အပါအ၀င် နိုင်ငံတ၀န်းက အရပ့်သားတွေထံကို အကူအညီတွေ ပေးပို့နိုင်ရေး ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆိုခဲ့တာဖြစ်ပြီး ဒီလို တောင်းဆိုပြီး သတင်းတပတ်ကျော်ကြာလာချိန် အထိ သက်ရောက်မှု ရှိမယ့် လက္ခဏာတော့ သိပ်မတွေ့ရပါဘူး။

တချိန်တည်းမှာဘဲ ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ခံထားတဲ့ ရုရှားက နေ့စဉ် ၅ နာရီ တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားသလို မြို့တော် Damascus အစွန်ပိုင်းက အရပ်သားတွေ ထွက်ခွာမယ့် အရေးကို သူပုန်တွေက ဟန့်တားနေတယ်လို့ ဆီးရီးယား အစိုးရက စွပ်စွဲထားပါတယ်။ Ghouta အရှေ့ပိုင်း ဒေသရဲ့ သုံးပုံ တပုံကို အစိုးရ တပ်ဖွဲ့တွေက သိမ်းယူထားပြီလို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ သီတင်း ၂ပတ်ကျော် တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၇၀၀ လောက် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG