သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား Ghouta လေကြောင်းစစ်ကြောင့် အကူအညီပေးအဖွဲ့တွေ ထွက်ခွာ


ဆီးရီးယားအစိုးရတပ်တွေက သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေကို မြေပြင်ထိုးစစ်တွေရော၊ လေကြောင်းကပါ ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ ဆီးရီးယားနိုင်ငံ ဂူတာဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးယာဉ်တန်းတွေဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုရပ်ပြီး အဲဒီဒေသကနေ ပြန်လည်ဆုတ်ခွာနေကြပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် ထရပ်ကား ၄၆ စီး ပါတဲ့ ယာဉ်တန်းဟာ သူတို့မှာပါတဲ့ အထောက်အပံ့တွေကို အပြည့်အ၀ မပေးနိုင်ခဲ့ဘဲ ဂူတာဒေသက အဓိကမြို့ဖြစ်တဲ့ ဒူးမာမြို့ကနေ ဒမတ်စကတ်မြို့ကို တနင်္လာနေ့ညနေပိုင်းမှာ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာပဲ ကျနော်တို့ အကူအညီတွေပေးနိုင်သလောက်ပေးကြောင်း၊ အရပ်သားတွေဟာ စိတ်မကောင်းစရာအခြေအနေတခုကြားမှာ ပိတ်မိနေတယ်လို့ UNHCR အဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် Sajjad Malik က တွစ်တာကနေ ပြောပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ အားလုံးကတော့ ဘေးအန္တရာယ်ကင်းတဲ့အနေအထားမှာရှိတယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို တင်ပို့ဖို့လုပ်ထားတဲ့ ဆေးဝါးအကူအညီတွေအတော်များများကို ကယ်ဆယ်ရေးအဖွဲ့တွေ တင်လို့မရအောင် ရုရှားအစိုးရက တားဆီးခဲ့သလို၊ အဲဒီနေရာမှာ တခြားအရာတွေနဲ့လည်း အစားထိုးခွင့်မပေးခဲ့ဘူးလို့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG