သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဓာတုတိုက်ခိုက်မှု ထပ်စစ်ဆေးဖို့ ကုလ ရွှေ့ဆိုင်း


လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိတာကြောင့် ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲခံထားရတဲ့ ဆီးရီးယားနိုင်ငံရဲ့ အပစ်အခတ်တွေ ဖြစ်ပွားရာနေရာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိတွေ အင်္ဂါနေ့မှာ နောက်တကြိမ် ထပ်မံ သွားရောက်စစ်ဆေးဖို့ အစီအစဉ် ပျက်သွားခဲ့ရပါတယ်။

Damascus မြို့တော်အနီးက Moadamiyeh ဆင်ခြေဖုံးရပ်ကွက်ကို သွားရောက် စစ်ဆေးပြီး နောက်တရက် အင်္ဂါနေ့မှာ အပစ်အခတ် ဖြစ်ပွားတဲ့နေရာကို သွားရောက်စစ်ဆေးဖို့ စီစဉ်ထားတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့တာပါ။

ဒါပေမဲ့ စစ်ဆေးရေးအရာရှိ ပါလာတဲ့ ယာဉ်တစီးကို လက်ဖြောင့်သမား တဦးက ပစ်ခတ်ခဲ့တာကြောင့် သွားရောက်မယ့် အစီအစဉ် ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေ ဗုဒ္ဓဟူးနေ့မှာ နောက်တကြိမ် သွားရောက် မစစ်ဆေးခင် လုံခြုံရေး အခြေအနေကို သေချာစောင့်ကြည့်ဖို့ ကုလသမဂ္ဂ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG