သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အစိုးရအတွက် အီရန်စစ်တပ် အကူအညီပေး


အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Mohammad Ali Jafari အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)
အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Mohammad Ali Jafari အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)
အီရန်နိုင်ငံရဲ့ တော်လှန်ရေး ပြည်စောင့် အထူးတပ်က ဆီးရီးယား နိုင်ငံမှာ စစ်ဘက်နဲ့ မဆိုင်တဲ့ အကူအညီတွေကို ပေးအပ်နေတဲ့ အကြောင်း အီရန်က ပြောလိုက်ပါတယ်။ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအပေါ် ပြင်ပက တိုက်ခိုက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ စစ်ရေးအရ ပါဝင်ကူညီကောင်း ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူးဖြစ်သူ Mohammad Ali Jafari ရဲ့ တနင်္ဂနွေနေ့က ပြောဆိုချက်ဟာ လူပေါင်း ထောင်ချီ သေဆုံးနေတဲ့၊ ၁၈ လကြာ အစိုးရက အတိုက်အခံတွေကို နှိမ်နင်းနေတဲ့ ဆီးရီးယားမှာ အီရန်က စစ်ရေးအရ ပတ်သက်နေတယ် ဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ခဲ့တာပါ။

ဆီးရီးယားမှာ ရောက်နေကြတဲ့ တော်လှန်ရေး ပြည်စောင့်တပ် လက်အောက်ခံ အယူအဆရေးရာ ကိစ္စတွေကို တာဝန်ယူရတဲ့ Qud တပ်ဖွဲ့ဝင်တွေဟာ ပညာရပ်ပိုင်း ဆိုင်ရာနဲ့ အကြံပေးတဲ့ အလုပ်တွေကို လုပ်နေကြတာလို့လည်း အီရန် တပ်မှူးကို ကိုးကားပြီး အီရန်နိုင်ငံက သတင်းတွေက ဖော်ပြကြပါတယ်။ ဒီတပ်ဖွဲ့ဟာဆိုရင် အီရတ် နိုင်ငံမှာ အာဏာရှင်ဟောင်း ဆဒမ်ဟူစိန် ပြုတ်ကျပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့လို့လည်း စွပ်စွဲခံထားရတာပါ။

အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ ဆီးရီးယားကို လက်နက်တင်ပို့နေတဲ့ အီရန်နိုင်ငံက လေယာဉ်တွေကို အီရတ်နိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲ ဖြတ်သန်းခွင့် ပေးနေတယ် လို့လည်း မကြာသေးခင်ကပဲ စွပ်စွဲထားတာ ဖြစ်ပေမဲ့ အီရတ်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
XS
SM
MD
LG