သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အစိုးရကို အီရန်နဲ့ ဆီးရီးယား ကူညီ


အီရတ်လုံခြုံရေးအဖွဲ့တွေ နေရာယူ။ (ဇွန် ၂၆၊ ၂၀၁၄)
အီရတ်လုံခြုံရေးအဖွဲ့တွေ နေရာယူ။ (ဇွန် ၂၆၊ ၂၀၁၄)

အီရတ်နိုင်ငံကို သိမ်းယူဖို့ကြိုးပမ်းနေတဲ့ ဆူနီစစ်သွေးကြွ သူပုန်တွေကို တိုက်နေတဲ့ စစ်ပွဲတွေမှာ ဆီရီးယား နဲ့ အီရန်နိုင်ငံတွေကလည်း အီရတ်အစိုးရကို အကူအညီတွေပေးတဲ့ အနေနဲ့ ပါဝင်လာကြပါတယ်။

အီရတ် နဲ့ ဆီးရီးယား ၂ နိုင်ငံ နယ်ခြား၊ ဆီးရီးယားနိုင်ငံဘက်အခြမ်းမှာရှိတဲ့ စစ်သွေးကြွတွေကို ဆီရီးယားစစ်လေယာဉ်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ဝန်ကြီးချုပ် နိုရီအလ်မာလီကီက ကြာသာပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။ သူပုန်အဖွဲ့တွေဟာ အီရတ်နိုင်ငံ အနောက်ဘက်နဲ့ မြောက်ဘက် ၂ နိုင်ငံ နယ်ခြားကို အသုံးပြုနေတာဖြစ်ပြီး၊ ဆီရီးယားဘက်က အခုလိုမျိုး လေကြောင်းကနေ ကူပြီးတိုက်ပေးတဲ့အပေါ်မှာ ကြိုဆိုတယ်လို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

တချို့သတင်းတွေမှာတော့ ဆီရီးယားတိုက်လေယာဉ်တွေဟာ အီရတ်လေပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အီရန်နိုင်ငံကလည်း ရှီယာလူမျိုးတွေဦးဆောင်တဲ့ အီရတ်အစိုးရကို အကူအညီတွေပေးနေပြီး၊ စစ်လက်နက်တွေ နဲ့ အီရတ်နိုင်ငံရဲ့ ကောင်းကင်ယံ ကနေ နိုင်ငံတဝှမ်းမှာ ကင်းထောက် ထောက်လှမ်းနိုင်စေမယ့် အဝေးထိန်းဒုံးလေယာဉ်တွေကို အကူအညီပေးလိုက်ပါတယ်။

ဆီရီးယား နဲ့ အီရန်အစိုးရတွေက ISIL အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်နေတာဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း အတော်လေးကို တိုက်ဆိုင်နေပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကတော့ အီရတ်နိုင်ငံကို အကူအညီပေးဖို့အတွက် စစ်ရေးအကြံပေး ၃၀၀ ကိုစေလွှတ်ခဲ့ပါတယ်။

XS
SM
MD
LG