သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ သတင်းထောက်နှစ်ဦးအပါအဝင် လူ ၇၀ ကျော် သေဆုံး


ဆီးရီးယားမှာ သတင်းထောက်နှစ်ဦးအပါအဝင် လူ ၇၀ ကျော် သေဆုံး
ဆီးရီးယားမှာ သတင်းထောက်နှစ်ဦးအပါအဝင် လူ ၇၀ ကျော် သေဆုံး

အတိုက်အခံတွေရဲ့ အမာခံခြေကုပ်စခန်း Homs မြို့နဲ့ တခြားနေရာတွေမှာ အစိုးရတပ်တွေက အဆက်မပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှိမ်နင်းရာက အနောက်နိုင်ငံသား သတင်းထောက် ၂ ဦးအပါအဝင် လူ ၇၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

Homs မြို့မှာ သေဆုံးသွားသူ သတင်းထောက် ၂ ဦးဟာ ဗြိတိန်နိုင်ငံထုတ် Sunday Times သတင်းစာက နာမည်ကျော် အမေရိကန် စစ်သတင်းထောက် Marie Colvin နဲ့ ပြင်သစ် သတင်းထောက် Remi Ochlik တို့ ဖြစ်ကြတဲ့အကြောင်း ပြင်သစ် အစိုးရက အတည်ပြုခဲ့တာပါ။

Homs မြို့က သူပုန်တွေ ထိန်းချုပ်ထားရာ Baba Amr အရပ်က သတင်းသမားတွေ စုဝေးရာ ယာယီ စခန်းတခုကို တိုက်ခိုက်ခဲ့မှုကြောင့် တခြားသတင်းထောက်တွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ သတင်းသမားတွေရှိရာ နေရာကို တမင်ရည်ရွယ် တိုက်ခိုက်ပုံ ရတယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ထူးချွန်ထက်မြက်တဲ့ သတင်းထောက် တဦးအဖြစ် Marie Colvin သေဆုံးမှုအပေါ် ဝမ်းနည်းစကား ပြောခဲ့တာပါ။

ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ ကုလသမဂ္ဂကတော့ အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ရေး အတွက် လူသားချင်း စာနာမှုဆိုင်ရာရုံးရဲ့ အကြီးအကဲ Valerie Amos ကို စေလွှတ်လိုကြောင်း ပြောဆိုခဲ့သလို၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကလည်း ပြဿနာဖြစ်ပွားနေတဲ့ ဒေသတွေကို အရေးပေါ် ထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့နဲ့ ဒဏ်ရာရသူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ဖို့ ၂ ရက်ကြာ အပစ်အခတ် ရပ်စဲရေး ကြေညာဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့တဖွဲ့ကတော့ အရေးပေါ် အကူအညီပေးနိုင်ဖို့ နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်တဲ့ နည်းလမ်းပဲ ရှိမယ်လို့ ပြင်သစ်နိုင်ငံမှာ ရောက်နေစဉ် ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG