သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီ ျပန္တိုက္ဖို႔ ကာဒ္ဆီးရီးယားပူးေပါင္း


SANA သတင္းဌာနက ထုတ္လႊင့္ေပးတဲ့ ဆီးရီးယားစစ္သားေတြကိုTal Tamr ေဒသခံေတြက ႀကိဳဆိုတဲ့ျမင္ကြင္း။ (Oct 14, 2019)

ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းကိုဝင္တုိက္တဲ့ တူရကီတပ္ေတြကို ျပန္တိုက္ဖို႔ ဆီးရီးယားႏိုင္ငံထဲက Kurd လူမ်ဳိးေတြနဲ႔ သေဘာတူမႈရခဲ့ၿပီး ေနာက္တရက္မွာပဲ ဆီးရီးယားတပ္ေတြ တူရကီနဲ႔နယ္စပ္ၿမိဳ႕တခုကို ဒီကေန႔ ေရာက္႐ွိလာပါတယ္။

နယ္စပ္နဲ႔ ကီလို ၂၀ ေလာက္သာေဝးတဲ့ Tal Tamr ၿမိဳ႕ကို ဆီးရီးယားအစိုးရတပ္ေတြ ေရာက္သြားၿပီလို႔ အစိုးရပိုင္ SANA သတင္းဌာနက ဒီကေန႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ တူရကီရဲ႕ ရန္လိုမႈကို ရင္ဆိုင္ဖို႔ ေရာက္သြားတဲ့တပ္ေတြကို ေဒသခံ Kurd ေတြက ႀကိဳဆိုၾကတယ္လို႔ သတင္းကေျပာပါတယ္။ Kurd တပ္ေတြဘက္ကေန တူရကီကို တိုက္ခိုက္ေပးဖုိ႔ Kurd လူမ်ဳိးေတြ၊ ဆီးရီးယားေတြနဲ႔ ဆီးရီယားရဲ႕ အဓိကမဟာမိတ္ ႐ု႐ွားတို႔ၾကား ထူးထူးျခားျခား သေဘာတူညီမႈ ရ႐ွိခဲ့တာျဖစ္ပါတယ္။

ဆီးရီးယားေျမာက္ပုိင္းမွာ႐ွိေနတ့ဲ အေမရိကန္တပ္ဖဲြ႔ဝင္အားလံုးနီးပါးကို အေမရိကန္က ႐ုပ္သိမ္းခဲ့ၿပီးေနာက္ တူရကီတပ္ေတြဘက္က ဝင္ေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ ၄ ရက္အၾကာမွာ ခုလို သေဘာတူညီမႈ ရယူခဲ့တာျဖစ္ပါတယ္။တူရကီဘက္က ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ တူရကီနဲ႔ ထိဆက္ေနတဲ့ ဆီးရီးယားနယ္စပ္တေလွ်ာက္ ဆီးရီးယားတပ္ေတြခ်ထားဖုိ႔အတြက္ ဆီရီးယားနယ္စပ္နဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔တာဝန္႐ွိတဲ့ ဆီးရီးယားအစိုးရနဲ႔ သေဘာတူခဲဲ့တယ္လို႔ Kurd ေတြဘက္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီေဒသကေန IS စစ္ေသြးႂကြေတြကို အေမရိကန္တပ္ေတြနဲ႔အတူ အဓိက တိုက္ထုတ္ေပးခဲ့တဲ့ SDF Kurd တပ္ေတြက အေမရိကန္ေတြဘက္က သူတုိ႔ကို လံုးဝပစ္ပယ္သြားသလို အာရပ္ကမာၻကေရာ ကုလသမဂၢလံုၿခံဳေရးေကာင္စီကပါ လ်စ္လွ်ဴ႐ႈထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဆီးရီးယားေျမာက္ပုိင္းမွာ ေနာက္ဆံုးက်န္တဲ့ အေမရိကန္တပ္ဖဲြ႔ဝင္ ၁ ေထာင္ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ ႐ုပ္သိမ္းသြားမယ္လို႔ ကာကြယ္ေရးဝန္ႀကီး Mark Esper က တနဂၤေႏြေန႔က ေမးျမန္းခန္းတခုမွာ ေျပာၾကားသြားပါတယ္။

Unicode

တူရကီ ပြန်တိုက်ဖို့ ကာဒ်ဆီးရီးယားပူးပေါင်း

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင်တိုက်တဲ့ တူရကီတပ်တွေကို ပြန်တိုက်ဖို့ ဆီးရီးယားနိုင်ငံထဲက Kurd လူမျိုးတွေနဲ့ သဘောတူမှုရခဲ့ပြီး နောက်တရက်မှာပဲ ဆီးရီးယားတပ်တွေ တူရကီနဲ့နယ်စပ်မြို့တခုကို ဒီကနေ့ ရောက်ရှိလာပါတယ်။

နယ်စပ်နဲ့ ကီလို ၂၀ လောက်သာဝေးတဲ့ Tal Tamr မြို့ကို ဆီးရီးယားအစိုးရတပ်တွေ ရောက်သွားပြီလို့ အစိုးရပိုင် SANA သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တူရကီရဲ့ ရန်လိုမှုကို ရင်ဆိုင်ဖို့ ရောက်သွားတဲ့တပ်တွေကို ဒေသခံ Kurd တွေက ကြိုဆိုကြတယ်လို့ သတင်းကပြောပါတယ်။ Kurd တပ်တွေဘက်ကနေ တူရကီကို တိုက်ခိုက်ပေးဖို့ Kurd လူမျိုးတွေ၊ ဆီးရီးယားတွေနဲ့ ဆီးရီယားရဲ့ အဓိကမဟာမိတ် ရုရှားတို့ကြား ထူးထူးခြားခြား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးနီးပါးကို အမေရိကန်က ရုပ်သိမ်းခဲ့ပြီးနောက် တူရကီတပ်တွေဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ၄ ရက်အကြာမှာ ခုလို သဘောတူညီမှု ရယူခဲ့တာဖြစ်ပါတယ်။တူရကီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တူရကီနဲ့ ထိဆက်နေတဲ့ ဆီးရီးယားနယ်စပ်တလျှောက် ဆီးရီးယားတပ်တွေချထားဖို့အတွက် ဆီရီးယားနယ်စပ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်ရှိတဲ့ ဆီးရီးယားအစိုးရနဲ့ သဘောတူခဲ့တယ်လို့ Kurd တွေဘက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီဒေသကနေ IS စစ်သွေးကြွတွေကို အမေရိကန်တပ်တွေနဲ့အတူ အဓိက တိုက်ထုတ်ပေးခဲ့တဲ့ SDF Kurd တပ်တွေက အမေရိကန်တွေဘက်က သူတို့ကို လုံးဝပစ်ပယ်သွားသလို အာရပ်ကမ္ဘာကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါ လျစ်လျှူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ နောက်ဆုံးကျန်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁ ထောင်ကို ရည်ရွယ်ချက်ရှိရှိ ရုပ်သိမ်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Mark Esper က တနင်္ဂနွေနေ့က မေးမြန်းခန်းတခုမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG