သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အရေးယူမှုတွေရုပ်ပေးဖို့ ဆီးရီးယားအစိုးရသစ်ဝန်ကြီးတွေ တောင်းဆို


 ဆီးရီးယား ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad al-Shaibani (ဝဲ)နဲ့ ကာတာဝန်ကြီးချုပ်/နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman bin Jassim Al-Thani (ယာ) တို့ ဒိုဟာမှာတွေ့ဆုံစဥ်၊ ဇန်နဝါရီ ၅၊ ၂၀၂၅ ။
ဆီးရီးယား ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad al-Shaibani (ဝဲ)နဲ့ ကာတာဝန်ကြီးချုပ်/နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman bin Jassim Al-Thani (ယာ) တို့ ဒိုဟာမှာတွေ့ဆုံစဥ်၊ ဇန်နဝါရီ ၅၊ ၂၀၂၅ ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပြန်ရုပ်ပေးဖို့ ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့က ဝန်ကြီးတွေက တိုက်တွန်းပါတယ်။

ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရ ဝန်ကြီးတွေဟာ ဆီးရီးယားအာဏာရှင် ဘာရှားအယ်အာဆပ် ပြုတ်ကျပြီးနောက်၊ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ကာတာနိုင်ငံကို ရောက်ရှိနေကြတာပါ။ ဆီးရီးယား ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad al-Shaibani ကာကွယ်ရေးဝန်ကြီး Murhaf Abu Qasra ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ Anas Khattab တို့နဲ့ ကာတာဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ကာတာ နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ဆီးရီယားနိုင်ငံရဲ့ ညီညွတ်ရေး အချုပ်အခြာပိုင်မှုနဲ့ လွတ်လပ်ရေးတို့ကို ကာတာနိုင်ငံအနေနဲ့ ထောက်ခံတဲ့ရပ်တည်မှုကို ကာတာ ဝန်ကြီးချုပ်က အလေးပေးပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒေသတွင်းမှာတော့ ကာတာနိုင်ငံဟာ အမေရိကန်ရဲ့ အကြီးဆုံးစစ်အခြေစိုက်စခန်းတည်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ တခြား အာရပ်နိုင်ငံတွေနဲ့မတူပဲ အာဆပ်အစိုးရလက်ထက် ဆီးရီယားနဲ့ သံတမန်ဆက်ဆံမှုကိုလည်း ရပ်ဆိုင်းထားတာပါ။ ကာတာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်တော့ ဆီးရီးယားကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Shaibani က ဆီးရီးယားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အရေးယူဒဏ်ခတ်မှုတွေဟာ ဆီးရီးယားနိုင်ငံ အလျင်အမြန် ပြန်လည်ထူထောင်ဖို့ အတားအဆီးဖြစ်နေတယ်လို့လည်း ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကုန်ပိုင်းကလည်း ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ အလျင်အမြန်ရုပ်ပေးဖို့ ကာတာနိုင်ငံကလည်း တောင်းဆိုထားပါတယ်။ နိုင်ငံတကာအသိုက်အဝန်းကတော့ ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ အလျင်အမြန်ဆောင်ရွက်နေတာမျိုးမရှိသေးပဲ၊ ဆီးရီးယားအာဏာပိုင်သစ်ကို စောင့်ကြည့်နေတဲ့ သဘောမှာရှိနေပါတယ်။

ကန် အရေးယူမှုတွေရုပ်ပေးဖို့ ဆီးရီးယားအစိုးရသစ်ဝန်ကြီးတွေ တောင်းဆို
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG