သုံးရလွယ်ကူစေသည့် Link များ

ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား


ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန်တိုက်ခိုက်မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဘေးအကြပ်အတည်းဆိုးကြီးကို ကာကွယ်တားဆီးဖို့ အချိန်ရောက်နေပြီလို့ ဆီးရီးယားအတိုက်အခံခေါင်းဆောင် Hadi al-Bahra က နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြောဆိုသွားတာပါ။ စစ်သွေးကြွရဲ့ ရက်စက်ကြုမ်းကြုတ်စွာ နယ်မြေသိမ်းယူမှုတွေကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ အရပ်သား သောင်းဂဏန်း ပိတ်မိနေကြတယ်လို့လည်း ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမခံရတဲ့ နေ့တွေတိုင်းဟာ IS အစွန်းရောက်အဖွဲ့အတွက် အကြမ်းဖက်မှုတွေလုပ်ဖို့ ပိုမိုအခွင့်အလမ်းတွေ ရှိစေတယ်လို့ Al-Bahra က ပြောပါတယ်။ IS အစွန်းရောက်တွေကို ဆီးရီးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ သမ္မတအိုဘားမားက ခွင့်ပြုထားပါတယ်။ ဒါပေမယ့်လို့ ဘယ်တော့ စပြီး တိုက်မလဲဆိုတာ အမိန့်မပေးသေးပါဘူး။

အီရတ်နိုင်ငံတွင်းမှာတော့ အမေရိကန် IS ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အီရတ်တပ်ဖွဲ့တွေနဲ့ ကဒ်တပ်ဖွဲ့တွေအဖို့ စစ်သွေးကြွတွေ သိမ်းယူထားတဲ့နေရာကို ပြန်လည်ထိန်းချုပ်ယူဖို့ ကြိုးပမ်းနေကြပါပြီ။ IS အစွန်းရောက်တွေကို နှိမ်နင်းရေး နိုင်ငံတကာညွန်ပေါင်းအဖွဲ့မှာ နောက်ထပ် နိုင်ငံတွေပါဝင်နိုင်ဖို့ အခု သီတင်းပတ်မှာစတင်မယ့် ကုလသမဂအထွေထွေညီလာခံအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီးအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါတယ်။

XS
SM
MD
LG