နိုင်ငံတကာကနေ ကမကထလုပ်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံမှာ ရှေ့သီတင်းပတ်အတွင်း ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဆီးရီးယားရဲ့ အဓိကအတိုက်အခံအဖွဲ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
ညွန့်ပေါင်းအဖွဲ့က မဲပေးခွင့်ရှိသူ ၇၃ ဦးမှာ ၅၈ ယောက်က သမ္မတဘက်ရှာ အယ်လ်အာဆတ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့စီစဉ်ထားတဲ့ Geneva 2 လို့ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ထောက်ခံခဲ့ကြတယ်လို့ ဆီးရီးယားအမျိုးသားညွန့်ပေါင်းအဖွဲ့ ပြန်ကြားရေးရုံးက ပြောပါတယ်။ ဒီလို မဲခွဲဆုံးဖြတ်တာကို အစောပိုင်းက တက်ရောက်ခဲ့တဲ့ ၄၄ ဦးကတော့ နောက်ပိုင်းမှာ မဲမပေးဘဲ ပြန်သွားခဲ့ကြပါတယ်။
အစ္စတန်ဘူလ်မှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ အတိုက်အခံတွေဟာ လာမယ့် ဂျနီဗာညီလာခံကို တက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ခံနေရပါတယ်။ အဲဒီ ညီလာခံက အသွင်ကူးပြောင်းရေးကာလ ယာယီအစိုးရတရပ် ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားပါတယ်။
အတိုက်အခံခေါင်းဆောင်အတော်များများကတော့ သမ္မတ ဘက်ရှာအယ်လ် အာဆတ်အနေနဲ့ ရာထူးကနေ ဆင်းပေးမယ်ဆိုတဲ့ ကြိုတင်သဘောတူညီချက် မရဘဲနဲ့တော့ ဒီဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ငြင်းဆိုနေကြပါတယ်။