သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေး ညီလာခံကိစ္စ ရုရှား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး သဘောတူ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ)၊ ကုလအထူးကိုယ်စားလှယ် Lakhdar Brahimi (လယ်)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov.
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ)၊ ကုလအထူးကိုယ်စားလှယ် Lakhdar Brahimi (လယ်)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov.
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး အတွက် အမေရိကန် နိုင်ငံခြားဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ကြိုးပမ်းအားထုတ်နေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်ဟာ ဆီးရီးယားရေးရာ ကုလသမဂ္ဂသံတမန် Lakhdar Brahimi နဲ့ Switzerland နိုင်ငံ Geneva မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဆီးရီးယားအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှု ရှောင်လွဲနိုင်ဖို့နဲ့ ဆီးရီးယားဓာတုလက်နက်တွေကို နိုင်ငံတကာလက်ကို ဘယ်လို အပ်မလဲဆိုတဲ့ကိစ္စတွေကို ဆွေးနွေးနေကြတာပါ။ ၂၀၁၂ ခုနှစ်တုန်းက နောက်ဆုံးဆွေးနွေးခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးညီလာခံအတွက် ဒီလကုန်ကျရင် နယူးယောက်ခ်မြို့မှာ ဝန်ကြီး Kerry နဲ့ Lavrov တို့ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။

တိုးတက်မှုရှိ မရှိက ဆီးရီးယားကနေ ဓာတုလက်နက်တွေ ဖယ်ရှားရေးပေါ်မှာ မူတည်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံတကာ ဓာတုလက်နက်တားဆီးရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်ခဲ့ပေမဲ့ သူ့နိုင်ငံမှာ ရှိနေတဲ့ ဓာတုလက်နက်တွေနဲ့ပတ်သက်တဲ့
အသေးစိတ်ကို ပြောဖို့ တစ်လ အချိန်ရှိတယ်လို့ အလေးထားပြောနေပါတယ်။

အမေရိကန်က တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာရပ်မှ ဆီးရီးယားက ဓာတုလက်နက် ဖယ်ရှားရေးကို အပြီးသတ် သဘောတူမယ်လို့ သမ္မတ Bashar al-Assad က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အဆိပ်ဓာတ်ငွေ့ တားဆီးရေးနိုင်ငံတွေထဲမှာ ပါဝင်ဖို့ ဆီးရီးယားက ဆုံးဖြတ်ခဲ့အပေါ် ရုရှားသမ္မတ Vladimir Putin က ချီးကျုးလိုက်ပြီး ပြဿနာ ဖြေရှင်းဖို့ အတွက် ဆီးရီးယားအစိုးရရဲ့ လေးနက်မှုကို ပြသတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားဘက်က လုပ်စရာကို
မြန်မြန်လုပ်သင့်ကြောင်းနဲ့ သမ္မတအာဆတ်ရဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရဘက်က မကျေနပ်ရင် စစ်ရေးအရ အရေးယူဖို့ လိုလိမ့်မယ်လို့
ကြာသပတေးနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
XS
SM
MD
LG