သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ် ရပ်စဲထားတဲ့ကြားက ဆီးရီးယားမှာ တိုက်ပွဲဆက်ဖြစ်


ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ ကားဗုံးထောင် ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့ဲ့တဲ့ အဆောက်အဦးတခု။ (အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၂)။
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ ကားဗုံးထောင် ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့ဲ့တဲ့ အဆောက်အဦးတခု။ (အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၂)။
ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပေမဲ့ လူအသေအပျောက် ရှိတဲ့အထိ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ် အစိုးရနဲ့ အတိုက်အခံ သူပုန်တွေ အပြန်အလှန် အပြစ်ဖို့နေ ကြပါတယ်။ စနေနေ့က ဒမတ်စကတ်မြို့တော် ဆင်ခြေဖုံး အပါအဝင် နေရာအတော်များများကို ပစ်မှတ်ထားပြီး အစိုးရက လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရကတော့ နိုင်ငံအရှေပိုင်း ဒီရာ အက်ဇော (Deir Ezzor) က ခရစ်ယာန် ဘုရားကျောင်း တခုအနီး ပေါက်ကွဲမှု အပါအဝင် ဗုံးပေါက်ကွဲမှု အများအပြားနဲ့ အစိုးရတပ်တွေအပေါ် တိုက်ခိုက်နေတယ်လို့ အတိုက်အခံတွေကို အပြစ်တင်ခဲ့တာပါ။

မူစလင် အစ်ပွဲတော် ကာလအတွင်း အပစ်အခတ်ရပ်စဲဖို့ အစိုးရနဲ့ သူပုန်ကြား သဘောတူထားပေမဲ့ လက်နက်ကိုင် အကြမ်းဖက် သမားတွေလို့ အစိုးရက ခေါ်ဝေါ်ခဲ့တဲ့ သူတွေက ပျက်ပြားအောင် တိုက်ခိုက်နေတာလို့လည်း အစိုးရပိုင် Sana သတင်းဌာနက ကြေညာသွားပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ် အဖွဲ့ကတော့ အစိုးရကို ဆန့်ကျင်လှုပ်ရှားတဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှုတွေအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၇ ယောက် အပါအဝင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။ စနေနေ့က သေဆုံးမှုတွေနဲ့ပါဆိုရင် ၂ ရက်အတွင်း သေဆုံးသူ စုစုပေါင်းဟာ ၂၀၀ လောက်အထိ ရှိခဲ့ပါတယ်။
XS
SM
MD
LG