သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်သစ်ရွေးချယ်


ဒိုဟာမြို့က ဆီးရီးယား အတိုက်အခံအဖွဲ့တွေရဲ့ ဆွေးနွေးမှာ သတင်းတွေနဲ့ တွေ့ဆုံနေတဲ့ ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Raid Seif။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၂)။
ဒိုဟာမြို့က ဆီးရီးယား အတိုက်အခံအဖွဲ့တွေရဲ့ ဆွေးနွေးမှာ သတင်းတွေနဲ့ တွေ့ဆုံနေတဲ့ ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Raid Seif။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၂)။
ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘက်ရှာအယ်လ်အာဆက် အုပ်ချုပ်မှု အဆုံးသတ်ရေး တိုက်ပွဲဝင်နေကြတဲ့၊ တကွဲတပြားစီ ဖြစ်နေတဲ့ ဆီးရီးယား အတိုက်အခံအဖွဲ့တွေ စုပေါင်း ဖွဲ့စည်းလိုက်တဲ့ ညွှန့်ပေါင်းအဖွဲ့မှာ ပထမဆုံး ခေါင်းဆောင်အဖြစ် အလယ်အလတ်ကျတဲ့ ဘာသာရေးခေါင်းဆောင် Maath al-Khatib ကို အတိုက်အခံအဖွဲ့တွေက ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။

ဒုတိယ ဥက္ကဋ္ဌ နေရာကိုတော့ အမေရိကန်ရဲ့ ကြောထောက်နောက်ခံမှုနဲ့ ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ကိစ္စ စတင်ဆောင်ရွက်ဖို့ အဆိုပြုခဲ့တဲ့၊ ပြည်ပအခြေစိုက် အတိုက်အခံတဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Riad Seif ကို ရွေးချယ်ခဲ့ကြတာပါ။ လူသိများတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ Suhair al-Atassi ကိုလည်း နောက်ထပ် ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် ရွေးခဲ့ကြပါတယ်။ ဒမက်စကက်မြို့က Umayyad ဗလီမှာ အရင်က တရားဟောဆရာ လုပ်ခဲ့တဲ့ Khatib ဟာ သမ္မတ အာဆက် အစိုးရကို ဝေဖန်မှုနဲ့ ဒီနှစ်ထဲ ဆီးရီးယားကနေ သူ မထွက်ခွာခင်အချိန်အထိ အကြိမ်ပေါင်းများစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

Seif ကတော့ ဒိုဟာမြို့မှာ တနင်္ဂနွေနေ့က ရယူနိုင်ခဲ့တဲ့ သဘောတူညီမှုရဲ့ အခြေခံဖြစ်တဲ့ အမေရိကန် ကြောထောက် နောက်ခံပေး ထားတဲ့ ပြုပြင် ပြောင်းလဲရေး အဆိုပြုချက် ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် လူထု ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ချိန်ကစလို့ အတိုက်အခံ အဖွဲ့တွေကို ထောက်ခံ အားပေးလာခဲ့တဲ့၊ ကာတာ နိုင်ငံမှာရှိတဲ့ အမေရိကန် သံတမန်တွေနဲ့ အရာရှိတွေက ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်တွေကြား ညီညွတ်ရေး တည်ဆောက်ဖို့ ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG