သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Assad လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ


တိုင်းပြည်မငြိမ်မသက်ဖြစ်မှုတွေကြားက ရွေးကောက်ပွဲမှာ တကြော့ပြန်အနိုင်ရလာတဲ့ သမ္မတ ဘက်ရှာလ် အယ်လ် အာဆတ်ဒ်
တိုင်းပြည်မငြိမ်မသက်ဖြစ်မှုတွေကြားက ရွေးကောက်ပွဲမှာ တကြော့ပြန်အနိုင်ရလာတဲ့ သမ္မတ ဘက်ရှာလ် အယ်လ် အာဆတ်ဒ်
ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ်အာဆတ်ဒ်က သူ ပြန်လည်ရွေးကောက်ခံရအပြီး သတင်းတပတ်တောင် မရှိသေးတဲ့အချိန်အတွင်း နိုင်ငံတွင်းရှိ အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ကြေညာလိုက်ပါတယ်။

အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ သေဒဏ်တွေကို လျှော့ချပေးလိုက်တဲ့အပြင် တခြားပြစ်ဒဏ်တွေအတွက်လည်း ထောင်ဒဏ်တွေကို လျှော့ချပေးလိုက်ပါတယ်။ မနာမကျန်းဖြစ်နေသူတွေနဲ့ သက်ကြီးရွယ်အို အကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ တော်လှန်မှုတွေမှာ ပါဝင်ခဲ့လို့ အကျဉ်းကျကြသူတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်မဝင်ကိုတော့ မသိရသေးပါဘူး။

အကြမ်းဖက်အုပ်စုလို့ ဆီးရီးယားအစိုးရက ခေါ်ဆိုတဲ့လူတွေကို လာရောက်ပူးပေါင်းဖို့ ရောက်ရှိလာကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ တစ်လအတွင်း အာဏာပိုင်တွေထံ မိမိကိုယ်ကို လာရောက်အပ်နှံကြမယ်ဆိုရင် သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ သမ္မတအမိန့်က ဆိုပါတယ်။ တပ်ပြေးတွေလည်း အလားတူ အကျုံးဝင်တယ်လို့ သိရပါတယ်။

ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကစလို့ သမ္မတအာဆတ်ဒ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အရင်ကြေညာချက်တွေကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိဘူးလို့ အတိုက်အခံတွေက ပြောပါတယ်။
XS
SM
MD
LG