သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားသမၼတ ေရြးေကာက္ပဲြ ေမလမွာ က်င္းပမည္


ဆီးရီးယာသမၼတ al-Assad နဲ႔ ဇနီး Asma တို႔ Draykish ၿမဳိ႕မွာ သစ္ပင္စိုက္ေနစဥ္။

[ Zawgyi / Unicode ]

ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယားႏိုင္ငံမွာ လာမယ့္ ေမလ (၂၆)ရက္ေန႔က်ရင္ သမၼတ ေရြးေကာက္ပဲြတရပ္ က်င္းပသြားမယ္လို႔ လႊတ္ေတာ္ဥကၠဌက တနဂၤေႏြေန႔မွာ ေၾကညာလိုက္ပါတယ္။

သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပဳိင္လုိသူေတြ ဧၿပီ(၁၉) တနလၤာေန႔ကစလို႔ (၁၀)ရက္အတြင္း ႏိုင္ငံေတာ္ တရားရုံးခ်ဳပ္ထံ အမည္စာရင္း တင္သြင္းႏိုင္တယ္လို႔ လႊတ္ေတာ္ဥကၠဌ Hamouda Sabbagh က ေၾကညာသြားတာပါ။ ဒါ့အျပင္ ျပည္ပမွာရွိေနတဲ့ ဆီးရီးယားႏိုင္ငံသားေတြ မိမိတို႔ေရာက္ေနတဲ့ ႏိုင္ငံက ဆီးရီးယားသံရုံးေတြမွာ ေမလ(၂၀)ရက္ေန႔က်ရင္ မဲေပးႏုိင္ၾကမွာ ျဖစ္တယ္လို႔ သူကဆိုပါတယ္။

စစ္ျဖစ္ေနတဲ့ ကာလအတြင္း ခုလို ေရြးေကာက္ပဲြ က်င္းပတာက လက္ရွိသမၼတ Bashar Al-Assad အေနနဲ႔ အာဏာကို ဆက္လက္ထိန္းခ်ဳပ္ သြားႏိုင္မယ့္သေဘာလို႔ ျမင္ေနၾကပါတယ္။

ဆီးရီးယား သမၼတေလာင္းအျဖစ္ ဝင္အေရြးခံ လိုသူေတြဟာ ႏိုင္ငံတြင္းမွာ (၁၀)ႏွစ္ဆက္တိုက္ ေနထုိင္သူ ျဖစ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္တခုလည္း ရွိတာေၾကာင့္ ဒါက ျပည္ပမွာေနတဲ့ အတုိက္အခံေတြ ေရြးေကာက္ပဲြ အလြယ္တကူ မဝင္ႏိုင္ေအာင္ ကန္႔သတ္ထားသလို ျဖစ္ေနတယ္လို႔ သုံးသပ္ၾကပါတယ္။

ဒါ့အျပင္ ဘယ္သမၼတေလာင္းမဆို သမၼတအာဆတ္ ထိန္းခ်ဳပ္ထားတဲ့ Baath ပါတီထဲက လႊတ္ေတာ္အမတ္ အနည္းဆုံး (၃၅)ေယာက္ရဲ႕ ေထာက္ခံခ်က္ရွိတာကို ျပရမယ္လို႔လည္း ဆိုထားပါတယ္။

၂၀၁၁ မွာ စခဲ့တဲ့ ျပည္တြင္းစစ္အတြင္း ၃ နွစ္အၾကာျဖစ္တဲ့ ၂၀၁၄ ေရြးေကာက္ပဲြမွာ အာဆတ္က မဲ ၈၈% နဲ႔ အႏိုင္ရခဲ့တာပါ။ ၂၀၁၂ ဆီးရီးယား ဖဲြ႔စည္းပုံအေျခခံဥပေဒအရ ဆိုရင္ေတာ့ သမၼတတဦးဟာ (၇)ႏွစ္ သက္တမ္းကုိ (၂)ခါအထိ တာဝန္ထမ္းေဆာင္ခြင့္ ရွိတယ္လို႔ ျပဌာန္းထားပါတယ္။

သမၼတ အာဆတ္-ဟာ သူ႔ဖခင္ သမၼတေဟာင္း Hafez ကြယ္လြန္တဲ့ သကၠရာဇ္ ၂၀၀၀ ကစလို႔ ႏိုင္ငံ့အာဏာကို ရယူလာသူ ျဖစ္ပါတယ္။ လာမယ့္ ေမလ ေရြးေကာက္ပဲြမွာ သူ ဝင္ေရာက္ အေရြးခံမယ္လို႔ တရားဝင္ ေၾကညာတာမ်ဳိးေတာ့ မရွိေသးပါဘူး။

ဆယ္စုႏွစ္ တခုေလာက္ ၾကာလာၿပီျဖစ္တဲ့ ဆီးရီးယား ျပည္တြင္းစစ္ေၾကာင့္ အရပ္သားျပည္သူ ၃ သိန္း ၉ ေသာင္းနီးပါး ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။

ဆီးရီးယားသမၼတ ေရြးေကာက္ပဲြ ေမလမွာ က်င္းပမည္
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ဆီးရီးယားသမ္မတ ရွေးကောက်ပွဲ မေလမှာ ကျင်းပမည်

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ လာမယ့် မေလ (၂၆)ရက်နေ့ကျရင် သမ္မတ ရွေးကောက်ပွဲတရပ် ကျင်းပသွားမယ်လို့ လွှတ်တော်ဥက္ကဌက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေ ဧပြီ(၁၉) တနင်္လာနေ့ကစလို့ (၁၀)ရက်အတွင်း နိုင်ငံတော် တရားရုံးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်တယ်လို့ လွှတ်တော်ဥက္ကဌ Hamouda Sabbagh က ကြေညာသွားတာပါ။ ဒါ့အပြင် ပြည်ပမှာရှိနေတဲ့ ဆီးရီးယားနိုင်ငံသားတွေ မိမိတို့ရောက်နေတဲ့ နိုင်ငံက ဆီးရီးယားသံရုံးတွေမှာ မေလ(၂၀)ရက်နေ့ကျရင် မဲပေးနိုင်ကြမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

စစ်ဖြစ်နေတဲ့ ကာလအတွင်း ခုလို ရွေးကောက်ပွဲ ကျင်းပတာက လက်ရှိသမ္မတ Bashar Al-Assad အနေနဲ့ အာဏာကို ဆက်လက်ထိန်းချုပ် သွားနိုင်မယ့်သဘောလို့ မြင်နေကြပါတယ်။

ဆီးရီးယား သမ္မတလောင်းအဖြစ် ဝင်အရွေးခံ လိုသူတွေဟာ နိုင်ငံတွင်းမှာ (၁၀)နှစ်ဆက်တိုက် နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တခုလည်း ရှိတာကြောင့် ဒါက ပြည်ပမှာနေတဲ့ အတိုက်အခံတွေ ရွေးကောက်ပွဲ အလွယ်တကူ မဝင်နိုင်အောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် ဘယ်သမ္မတလောင်းမဆို သမ္မတအာဆတ် ထိန်းချုပ်ထားတဲ့ Baath ပါတီထဲက လွှတ်တော်အမတ် အနည်းဆုံး (၃၅)ယောက်ရဲ့ ထောက်ခံချက်ရှိတာကို ပြရမယ်လို့လည်း ဆိုထားပါတယ်။

၂၀၁၁ မှာ စခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ၃ နှစ်အကြာဖြစ်တဲ့ ၂၀၁၄ ရွေးကောက်ပွဲမှာ အာဆတ်က မဲ ၈၈% နဲ့ အနိုင်ရခဲ့တာပါ။ ၂၀၁၂ ဆီးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်တော့ သမ္မတတဦးဟာ (၇)နှစ် သက်တမ်းကို (၂)ခါအထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။

သမ္မတ အာဆတ်-ဟာ သူ့ဖခင် သမ္မတဟောင်း Hafez ကွယ်လွန်တဲ့ သက္ကရာဇ် ၂၀၀၀ ကစလို့ နိုင်ငံ့အာဏာကို ရယူလာသူ ဖြစ်ပါတယ်။ လာမယ့် မေလ ရွေးကောက်ပွဲမှာ သူ ဝင်ရောက် အရွေးခံမယ်လို့ တရားဝင် ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

ဆယ်စုနှစ် တခုလောက် ကြာလာပြီဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူ ၃ သိန်း ၉ သောင်းနီးပါး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG