သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဝန်ကြီးချုပ် အတိုက်အခံနဲ့ ပူးပေါင်း


ဆီးရီးယားနိုင်ငံ၊ Atareb မြို့တွင်း ဗုံးဒဏ်သင့် အုပ်နံရံမြင်ကွင်း။ (၀၈၊ ၀၅၊၂၀၁၂။)
ဆီးရီးယားနိုင်ငံ၊ Atareb မြို့တွင်း ဗုံးဒဏ်သင့် အုပ်နံရံမြင်ကွင်း။ (၀၈၊ ၀၅၊၂၀၁၂။)
လွန်ခဲ့တဲ့ ၂ လ က ဝန်ကြီးချုပ်တာဝန် လက်ခံယူခဲ့တဲ့ ဆီးရီးယားဝန်ကြီးချုပ်ဟာ ဘက်ကူးပြောင်း သွားပြီး သမ္မတ ဘက်ရှာ အယ်လ်အာဆဒ်ကို ဆန့်ကျင်သူတွေနဲ့ ပူးပေါင်းလိုက်ပါတယ်။

မစ္စတာ ရီအက် ဟီဂျဘ်က ကြေညာချက် ထုတ်ပြန်ရာမှာ သူ့အနေနဲ့ အကြမ်းဖက်ပြီး လူသတ်တဲ့ အစိုးရအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

သူကော သူ့ရဲ့ မိသားစုဟာ လုံခြုံစိတ်ချရတဲ့ နေရာမှာ ရှိနေကြောင်းလည်း ပြောပါတယ်။ သူဟာ ဂျော်ဒန်နိုင်ငံဘက်ကို ကူးပြောင်းလာတာဖြစ်တယ်လို့ ဂျော်ဒန်နိုင်ငံ တာဝန်ရှိသူတွေက ပြော ပါတယ်။

ဆီးရီးယားနိုင်ငံပိုင် ရုပ်/သံဌာနကတော့ မစ္စတာ ဟီဂျဘ်ကို အလုပ်ကနေ ထုတ်ပစ်လိုက်တာဖြစ်ပြီး သူ့ရဲ့နေရာကို ဒုတိယဝန်ကြီးချုပ် အိုမာ ဂါလာဝမ်ဂျီကို အစားထိုးခန့်ထားလိုက်တယ်လို့ ကြေညာ ပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကဒ် မြို့တော်မှာ ရှိတဲ့ နိုင်ငံပိုင် ရုပ်/သံလွှင့်ဌာနမှာ အဆောက်အုံအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူအများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆီးရီးယား အစိုးရ သတင်း မီဒီယာက ကြေညာပြီးတဲ့နောက် အခုကြေညာချက် ထွက်ပေါ်လာတာပါ။

ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အအုံရဲ့ တတိယထပ် ပျက်စီးသွားခဲ့ပေမယ့် တနင်္လာနေ့ ရုပ်/သံလွှင့် အစီအစဉ်တွေကို ဆက်လက်ထုတ်လွှင့်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အစိုးရကို ထောက်ခံတဲ့ ပုဂ္ဂလိက ရုပ်/သံလွှင့်ဌာန က ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ နံရံတွေ ပြိုကျနေတဲ့ အဆောက်ဦရဲ့ မျက်နှာကျက်နဲ့ ရှုပ်ပွနေတဲ့ ဝါယာကြိုးတွေ မီးခိုးငွေ့တွေကြားမှာ ဖြတ်သွားနေကြတဲ့ လူတွေရဲ့ ရုပ်ပုံတွေကို ပြသနေပါတယ်။

ဆီးရီးယားအတိုက်အခံတွေကတော့ အစိုးရတပ်တွေက နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အလက်ပို မြို့ကို တနင်္လာနေ့မှာ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောပါတယ်။

ဆီးရီးယား အစိုးရတပ်တွေက အာလက်ပိုနဲ့ အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေပြီး ဒီလို ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG