သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း


အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း
အကဲခတ်တွေ မတွေ့နိုင်အောင် အကျဉ်းသားတွေကို ဆီးရီးယားအစိုးရ ရွှေ့ပြောင်း

ဆီးရီးယားနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ရောက်နေတဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ မတွေ့နိုင် အောင် အကျဉ်းသားတွေကို စစ်တပ်တွေထဲ ရွှေ့ပြောင်းထားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်နေ တဲ့ Human Rights Watch က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ အစိုးရကတော့ အကျဉ်းသားတွေ ရာချီပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွေက ကြေညာခဲ့တာပါ။ အာရပ်အဖွဲ့ချုပ်အနေနဲ့ ထိန်းသိမ်းရေးစခန်းတွေ အားလုံးကို ဝင်ခွင့်ရရေး တောင်းဆိုဖို့နဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကို အစိုးရက ဟန့်တားတာတွေ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

တာဝန်ပေးထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေ ရပ်တန့်ဖို့ အစိုးရက ကတိပြုထားတာတွေ တည်မတည် စောင့်ကြည့်ဖို့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဆီရီးယားကို ရောက်မလာခင်မှာပဲ ရွှေ့ပြောင်းလိုက်တဲ့ အကျဉ်းသားပေါင်း ရာဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဆူဒန်နိုင်ငံက ဗိုလ်ချုပ်ကြီး မိုဟာမက် ဒါဘီကတော့ Hama, Idlib နဲ့ Daraa တို့အပါအဝင် တခြားမြို့တွေက နေရာသစ်တွေကို သွားရောက် ကြည့်ရှုမယ်လို့ ပြောခဲ့တာပါ။

အစိုးရကတော့ သမ္မတ Bashar al-Assad ကို ၉ လကြာ ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူ ၇၅၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီလူတွေဟာ ဆီးရီးယားလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက် လုပ်ရပ် တွေကို ကျူးလွန်သူတွေ မဟုတ်ဘူးလို့ အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG