သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အစိုးရဆန့်ကျင် ဆန္ဒပြ


ဆီးရီးယားမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အစိုးရဆန့်ကျင် ဆန္ဒပြ

ဒီကနေ့ကျရောက်တဲ့ ဆီးရီးယားနိုင်ငံရဲ့ လွှတ်လပ်ရေးနေ့မှာ လွတ်လပ်ခွင့်တွေ ပိုမိုရရှိရေးအတွက် ရာပေါင်းများစွာသော ဆီးရီးယားပြည်သူတွေ တိုင်းပြည်တောင်ပိုင်း မြို့တမြို့မှာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ ပြဌာန်းထားခဲ့တဲ့ အရေးပေါ်ဥပဒေကို သီတင်းတပတ်အတွင်း ရုပ်သိမ်းပေးမယ်လို့ သမ္မတ ဘက်ရှာ အယ်လ်အာဆဒ် (Bashar al-Assad) က မနေ့က ကတိပေး ပြောကြားခဲ့တဲ့ကြားကပဲ ဆူဝေဒါ (Suweida) မြို့မှာ အစိုးရဆန့်ကျင်ရေး ချီတက် ဆန္ဒပြသူတွေက ဘုရားသခင်၊ ဆီးရီးယား၊ လွှတ်လပ်မှု စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

စနေနေ့က သူ့ရဲ့ဝန်ကြီးအဖွဲ့သစ်ကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ သမ္မတ အာဆဒ်က အရေးပေါ်ဥပဒေ ရုပ်သိမ်းပေးမယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီမိန့်ခွန်းကို တိုင်းပြည်ကို အသံလွှင့်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ဖမ်းချင်တိုင်းဖမ်းနိုင်တဲ့ အခွင့်အာဏာ အလွန်အကျွံပေးထားတဲ့ အဲဒီ အရေးပေါ် ဥပဒေကို ရုပ်သိမ်းပေးဖို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း တောင်းဆိုနေခဲ့ကြတာပါ။ သမ္မတမိန့်ခွန်း ပြောပြီးပြီးချင်းမှာလည်း ဆန္ဒပြသူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

တိုင်းပြည်တည်ငြိမ်ရေးဟာ ဆီးရီးယားနိုင်ငံအတွက် ထိပ်တန်း ဦးစားပေးလုပ်ငန်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ဆန္ဒပြသူတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာနဲ့ပတ်သက်တဲ့ သင်တန်းတွေ ထပ်တက်ဖို့လိုတယ်လို့ သမ္မတ အာဆဒ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG