သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုကြောင့် ဆီးရီယား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦး သေဆုံး


ပစ်ခတ်မှုကြောင့် ဆီးရီယား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦး သေဆုံး
ပစ်ခတ်မှုကြောင့် ဆီးရီယား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦး သေဆုံး

ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင် ဆန္ဒပြသူမှုတွေအတွင်း သေဆုံးသွားသူတွေရဲ့ ဈာပန အခမ်းအနားတခုမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၃ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဟွမ်စ် (Homs) မြို့လယ်ခေါင်နားမှာ တနင်္ဂနွေနေ့ကဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ် ဆိုတာကို ချက်ချင်းကွဲကွဲပြားပြား မသိနိုင်ခဲ့ပေမဲ့ မျက်မြင်သက်သေတွေ ကတော့ အဲဒီသေနတ်သမားတွေဟာ ဆီရီးယား လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ဆီးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲအတွင်း ဆီရီးယားပြည်သူ ထောင်ပေါင်းများစွာက တိုင်းပြည်တွင်းမှာ လွတ်လပ်မှုတွေ ပိုရှိလာဖို့အတွက် လှည့်လည် ဆန္ဒပြနေစဉ်အတွင်း အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဆီရီးယားနိုင်ငံတောင်ပိုင်းက ဆူဝေဒါမြို့မှာဆိုရင် ဆန္ဒပြသူရာပေါင်းများစွာက “ဘုရားသခင်၊ ဆီရီးယား နဲ့ လွတ်လပ်ရေး” ဆိုပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ပင်လယ်ကမ်းခြေမြို့ ဖြစ်တဲ့ ဘနိုင်းရားစ်မြို့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အစိုးရဆန့်ကျင်တဲ့ စာတန်းတွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆီရီးယားသမ္မတ ဘက်ရှာ အလ် အာဆဒ်က ဆယ်စုနှစ်ပေါင်းများစွာ ပြဌာန်းထားတဲ့ တိုင်းပြည်ရဲ့ အရေးပေါ် ဥပဒေကို တပတ်အတွင်း ရုပ်သိမ်းပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တက်ကြွလှုပ်ရှားသူတွေက အင်တာနက် လူမှုရေးကွန်ယက် ဝက်ဘ်ဆိုက်ဒ်တွေကို အသုံးပြုပြီးတော့ ဆီရီးယားပြည်သူတွေကို အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေလုပ်ဖို့ လှုံ့ဆော်နေကြပါတယ်။

XS
SM
MD
LG