သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆန္ဒပြသူ ၁၉ ယောက်ထက်မနည်း သေဆုံး


ဆီးရီးယားဆန္ဒပြသူ ၁၉ ယောက်ထက်မနည်း သေဆုံး
ဆီးရီးယားဆန္ဒပြသူ ၁၉ ယောက်ထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းရာမှာ လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အတိုက်အခံတွေအပေါ် သွေးထွက်သံယိုနှိမ်နင်းမှုတွေကြောင့် သမ္မတ ဘက်ရှာအယ်လ် အာဆဒ် (Bashar al-Assad) ရာထူးကထွက်ပေးဖို့ အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေက တောင်းဆိုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာပဲ သေဆုံးမှုတွေ ထပ်မံပေါ်ပေါက်ခဲ့တာပါ။

သေဆုံးမှုအများစုဟာ နိုင်ငံတောင်ပိုင်းက ဒါရာ (Dara) ဒေသမှာ ဖြစ်ပွားခဲ့တာလို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဒမတ်စကတ်မြို့တော် ဆင်ခြေဖုံးဒေသနဲ့ အလယ်ပိုင်း Homs ဒေသတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အသေပစ်ခတ်နှိမ်နင်းမှုတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

သမ္မတ ရာထူးကဆင်းပေးဖို့ တောင်းဆိုပြီး သောကြာနေ့က လူထောင်ပေါင်းများစွာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။ တချိန်တည်းမှာပဲ အတိုက်အခံ အဖွဲ့တွေကတော့ သမ္မတကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပိုပြီးအားကောင်းလာစေဖို့ မဟာမိတ်အဖွဲ့တခုအဖြစ် ပူးပေါင်းမယ့် အစီအစဉ်တခု အကောင်အထည်ပေါ်ဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။

ကြာသပတေးနေ့မှာတုန်းကတော့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား အနောက်အင်အားကြီး နိုင်ငံတွေက သမ္မတ အာဆဒ် ရာထူးကထွက်ဖို့ ပထမဆုံးအကြိမ် ပြောဆိုလာရာကနေ နိုင်ငံတကာ ဖိအားတွေလည်း ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။

XS
SM
MD
LG