သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီယားပြည်သူနှစ်သိန်းကျော် ဆန္ဒပြမှု ပစ်ခတ်နှိမ်နင်းခံရ


ဆီရီယားပြည်သူနှစ်သိန်းကျော် ဆန္ဒပြမှု ပစ်ခတ်နှိမ်နင်းခံရ

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆဒ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မနေ့တုန်းက လူနှစ်သိန်းကျော် စုဝေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ သေဆုံးသူအများဆုံး ရှိခဲ့တာက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အဓိကဖြစ်ပွားနေတဲ့ ဟုမ်းစ် ဒေသတ၀ိုက်မှာလို့ ဆိုပါတယ်။

အာရပ်နိုင်ငံများအဖွဲ့ချုပ်က ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ခု ဒီကနေ့ ကျင်းပဖို့စီစဉ်ထားတာကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် မကျေနပ်လို့ ဟုမ်းစ်ဒေသမှာ လူတွေမနေ့က စုရုံးခဲ့ကြတာပါ။ ဆီးရီးယားနိုင်ငံက မတည်မငြိမ်ဖြစ်မှုတွေကို အဆုံးသတ်နိုင်ရေး အစီအစဉ်တစ်ရပ်ကို သဘောတူမယ်ဆိုရင် ဆီးရီးယားကို ပိတ်ဆို့အရေးယူတာတွေကနေ ရှောင်ရှားနိုင်ဖို့ ဆီးရီးယားအစိုးရကို အချိန်ထပ်ပေးမယ်ဆိုပြီး အာရပ်နိုင်ငံများ အဖွဲ့ချုပ်က သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို အချိန်ရွှေ့ဆိုင်း လိုက်တာလို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေပြောတဲ့ မနေ့က သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယား အစိုးရဘက်ကတော့ သေဆုံးသူတစ်ယောက်မှ မရှိဘူးလို့ ဆိုပါတယ်။ အစိုးရပိုင် ဆာနားသတင်းစဉ်မှာတော့ အစိုးရကိုထောက်ခံတဲ့ ဆန္ဒပြမှုတွေကိုလည်း နိုင်ငံအနောက်ပိုင်းမှာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG