သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ပင်လယ်ကွေ့မဟာမိတ်များ ရှေ့တိုးလုပ်ဆောင်


ဆီးရီးယားနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာဖို့ ဘယ်လိုရှေ့တိုးပြီး လုပ်ဆောင်မလဲဆိုတာကို အမေရိကန်နဲ့ သူ့ရဲ့ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေက ကနဦးအနေနဲ့ ရှင်းရှင်းလင်းလင်း ဆွေးနွေးပြီးပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ဆော်ဒီအာရေဗျအရာရှိတွေ၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီး စနေနေ့မှာ ဆော်ဒီမြို့တော် Riyadh ကနေ မစ္စတာ Kerry ခုလို မှတ်ချက်ပေး ပြောဆိုသွားတာပါ။

ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ပထမအကျော့အဖြစ် နောက်သီတင်းပတ်တွင်း Geneva မှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ရှိပါတယ်။ ကုလသမဂ္ဂ ဦးဆောင်တဲ့ ဒီဆွေးနွေးပွဲအပြီးမှာ ဆီးရီးယားအရေး နိုင်ငံတကာ အထောက်အကူပြု အဖွဲ့ဝင်တွေ ချက်ခြင်းတွေ့ဆုံကြဖို့ သဘောတူထားတယ်လို့လည်း Kerry က ပြောပါတယ်။

ဆီးရီးယားပြည်တွင်း အပြောင်းအလဲ လုပ်ဖို့ဆိုတဲ့ကိစ္စ အမှန်တကယ် အကောင်အထည်ပေါ်လာဖို့ လုပ်ငန်းရပ်တွေ ရှေ့ဆက်တိုးသွားတာကို လိုလားပါတယ်လို့ ကယ်ရီ က ပြောပါတယ်။ ကုလသမဂ္ဂ က ကမကထလုပ် ကျင်းပပေးတဲ့ ဒီဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကြတဲ့ ဆီးရီးယားအရေး နိုင်ငံတကာ အထောက်အကူပြု အဖွဲ့တွေထဲမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗျ၊ အီရန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။

XS
SM
MD
LG