သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ ရက်ကြာ တိုက်ပွဲတွေအတွင်း ဆီးရီးယားမှာ လူ ၁ သိန်းနီးပါး အိုးအိမ်မဲ့ဖြစ်


ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အကြား တိုင်းပြည်အလယ်ပိုင်း Hama ခရိုင်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၁ သိန်းနီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Hama ဒေသက ရောက်လာကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူ ထက်ဝက်လောက်ဟာ ဒေသတွင်း သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အနီးနား Idlib ဒေသက ရောက်လာကြသူတွေ ဖြစ်တယ်လို့ ဒုက္ခသည်စခန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ရရှိတဲ့ စာရင်းတွေအရ သိရှိရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး OCHA က ပြောပါတယ်။

တချို့ကတော့ အစိုးရထိန်းချုပ်ထားတဲ့ Hama မြို့ကို ထွက်ပြေးခဲ့ကြပြီး အဲဒီမှာ ဗလီ ၄ ခုကို ယာယီ ခိုလှုံရေးစခန်းတွေအဖြစ် ဖွင့်လှစ်ထားကြောင်း OCHA က ပြောပါတယ်။ Hama မြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ စာသင်ကျောင်းတွေကိုလည်း ခိုလှုံရေးစခန်းတွေအဖြစ် ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ခိုလှုံစရာ နေရာအလုံအလောက် မရှိတဲ့အတွက် တချို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ Idlib က ပန်းခြံတွေထဲမှာ အမိုးအကာ မရှိဘဲ အိမ်နေကြရတယ်လို့ OCHA အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG