သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုမှု ရုရှား ကန့်ကွက်

ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုမှု ရုရှား ကန့်ကွက်
ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုမှု ရုရှား ကန့်ကွက်

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ချေမှုန်းခဲ့တဲ့အတွက် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူဖို့ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက တောင်းဆိုတာကို ရုရှားက ပယ်ချလိုက်ပါတယ်။

ဆီးရီးယားအပေါ် နောက်ထပ် ထပ်ပြီး ဖိအားပေးဖို့ မလိုအပ်ဘူးလို့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) က တနင်္လာနေ့က ပြောပါတယ်။ ဆီးရီးယားနဲ့ ပတ်သက်ပြီး ချမှတ်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေဟာ တင်းမာရမှာ ဖြစ်သလို မျှလည်း မျှတရမယ်လို့ သူက ပြောပါတယ်။

ရုရှားမှာ လုံခြုံရေးကောင်စီ ဗီတိုအာဏာရှိပြီး ဆုံးဖြတ်ချက် မချနိုင်အောင် လုပ်နိုင်တဲ့အာဏာ ရှိပါတယ်။ ရုရှားအနေနဲ့ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) ကို ပြင်းထန်တဲ့ သတင်းစကား ပေးမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို စဉ်းစားလိုတဲ့ လက္ခဏာတွေ ရုရှားသမ္မတက ပြီးခဲ့တဲ့ အပတ်က ပြသခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ လအတွင်း ဆီးရီးယား လူထုအုံကြွမှုမှာ လူပေါင်း ၂,၆၀၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပြောကြားတဲ့ တနင်္လာနေ့ မိန့်ခွန်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ပြောကြားခဲ့ပါတယ်။ သြဂုတ်လတုန်းက သေဆုံးသွားသူ ၂,၂၀၀ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့တာပါ။

သမ္မတ အာဆတ်ဒ်ရဲ့ လက်ထောက်ကတော့ ၁,၄၀၀ ပဲ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အစိုးရစစ်သား ၇၀၀ သေခဲ့ပြီး တက်ကြွလှုပ်ရှားသူ ၇၀၀ သေခဲ့တယ်လို့ ဆီးရီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဘူတားနား ရှာဘန်း (Bouthaina Shaaban) က ပြောပါတယ်။

This item is part of
XS
SM
MD
LG