သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ်


ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ်
ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ်

ဆီးရီးယားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ ဒါမှမဟုတ် စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုတွေ ပါဝင်နိုင်တဲ့ ကုလသမဂ္ဂရဲ့ လုပ်ရပ်တွေကို ထောက်ခံမှာ မဟုတ်ဘူးလို့ ရုရှား အစိုးရက ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ရေရှည် မဟာမိတ် တဦးဖြစ်တဲ့ ဆီးရီးယားအပေါ် လုံခြုံရေးကောင်စီရဲ့ လုပ်ရပ်တွေဟာ မျှတမှု မရှိပဲ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ထွန်းနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာ့ဗ်ရော့ဗ် (Sergei Lavrov) က ပြောကြားလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှား အယ်လ် အာဆဒ် (Bashar al-Assad) ရဲ့ ၁၁ နှစ်ကြာ အုပ်ချုပ်မှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် လုံခြုံရေးကောင်စီက ပြဌာန်းချက် ချမှတ်နိုင်ဖို့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတို့က အာရပ်နိုင်ငံတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ သံတမန်တွေက ဆိုကြပါတယ်။

ဆီးရီးယား လူထု တော်လှန် အုံကြွမှုအပေါ် အစိုးရရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုကို ရှုတ်ချဖို့ အနောက်နိုင်ငံတွေရဲ့ အဆိုပြုချက်ကို ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ ရုရှားနိုင်ငံဟာ အောက်တိုဘာလတုန်းက တရုတ်နဲ့တွဲပြီး ပယ်ချ ခဲ့ပါတယ်။

XS
SM
MD
LG