သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရှိ ရုရှားတပ်တွေ သိသာစွာ ပြန်ရုပ်သိမ်းဖို့ Putin အမိန့်ထုတ်


ဆီးရီးယားနိုင်ငံအတွင်းမှာရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေကို သိသိသာသာလျှော့ချဖို့ အမိန့်ထုတ်ထားတယ်လို့ ရုရှားသမ္မတ Vladimir Putin က မနေ့ကပဲပြောလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံ Latakia ပြည်နယ်မှာရှိတဲ့ ရုရှားလေတပ်အခြေစိုက် စခန်း Hemeimeem ကို မနေ့က မမျှော်လင့်ပဲရောက်လာခဲ့တုန်း အခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲဒီမှာပဲ ဆီးရီးယားသမ္မတ ဘရှား အလ် အာဆာဒ်နဲ့ သမ္မတပူတင်တွေ့ဆုံခဲ့ပါတယ်။

ဆီးရီးယားသမ္မတ အာဆာ့ဒ်ကိုထောက်ခံပြီးရုရှားတပ်ဖွဲ့တွေ ဆီးရီးယား နိုင်ငံအတွင်း ၂၀၁၅ခုနှစ်ကုန်ပိုင်းကဝင်ရောက်ခဲ့ကြတာပါ။ နိုင်ငံတကာအကြမ်းဖက်သမားတွေထဲက အဆိုး ဆုံးအုပ်စုကို ဆီးရီးယားနဲ့ရုရှားတပ်ဖွဲ့တွေက နှိမ်နင်းနိုင်ခဲ့တယ်လို့ သမ္မတပူတင်ကပြောပါတယ်။ IS စစ်သွေးကြွအဖွဲ့ ကိုသူဆိုလိုတာပါ။

ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုနှိမ်နင်းရေးမှာ ရုရှားရဲ့ပါဝင်တဲ့ အခန်းကဏ္ဍကို ကျေးဇူးတင် တယ်လို့ဆီးရီး ယားသမ္မတ အာဆာ့ဒ်ကပြောတဲ့အကြောင်းနဲ့ ဆီးရီးယား ပြည်သူတွေကလည်း ရုရှားတပ်ရဲ့ဆောင်ရွက် နိုင်မှုတွေကို မေ့မှာမဟုတ်ဘူးလို့လည်း ဆီးရီးယားအစိုးရပိုင်သတင်းဌာနကဖေါ်ပြထားပါတယ်။

ရုရှားရဲ့အစီအစဉ်က တော့ Latakia ပြည်နယ်က ရုရှားလေတပ်အခြေစိုက်စခန်း Hemeimeem နဲ့ Tartus ဒေသက ရေတပ်စခန်းကိုဆက်ပြီး တော့ ထားဦးမယ်ဆိုတဲ့အစီအစဉ်ပါ။ ရုရှားသမ္မတပူတင်ဟာ ဆီးရီးယားကို ပထမဆုံးအကြိမ်အဖြစ်ရောက်လာခဲ့တာ ဖြစ်ပြီး အီဂျစ်နိုင်ငံကိုအသွားမှာ ဆီးရီးယားကို ဝင်ခဲ့တာပါ။ ဆီးရီးယားသမ္မတ ဘရှားအာဆာ့ဒ်ကို ရာထူးကစွန့်ခွါဖို့ကြိုး ပမ်းကြတဲ့ ၂၀၁၁ခုနှစ်ကစတဲ့ ပုန်ကန်မှုတွေမှာ ရုရှားရဲ့ဝင်ရောက်ပတ်သက်မှုက သမ္မတအာဆာ့ဒ်အတွက် သူပုန်တွေနှိမ် နင်းရေးမှာ အထောက်အကူဖြစ်စေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG