သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ရဲ့ ဆီးရီးယားအပေါ် မူဝါဒ မပြောင်းလဲ


Syrian သမ္မတ Bashar Assad
Syrian သမ္မတ Bashar Assad
ဆီးရီးယားနိုင်ငံအပေါ် ရုရှားနိုင်ငံကထားတဲ့မူဝါဒ ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ ဆီးရီးယားသမ္မတ Assad ဟာနိုင်ငံကို ထိမ်းချုပ်နိုင်မှု အင်အားနည်းလာပြီ အတိုက်အခံတွေဘက်က အသာစီးရသွားနိုင်တယ်လို့ ထိပ်တန်း သံတမန်တဦးရဲ့ပြောဆိုချက်ထွက်လာပြီးနောက်ပိုင်း ရုရှားနိုင်ငံဖက်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီးဟာ ခုရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံနဲ့ ပါတ်သက်လို့ အထူးတလည် တွေ့ဆုံဖြေကြားခဲ့တာမရှိဘူးလို့ သောကြာနေ့က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကျေညာချက်မှာ ဖော်ပြပါတယ်။

နိင်ငံခြားရေးဝန်ကြီးကိုကိုးကားပြီး ရုရှားသတင်း မီဒီယာမှာ ဖော်ပြရာမှာ ဆီးရီးယားသမ္မတ အာဆတ်ဟာ ဆီးရီးယားနိုင်ငံကို ထိန်းချုပ်နိုင်တဲ့အင်အားနည်းလာပြီး အတိုက်အခံတွေကို အမြစ်ပြတ်ချေမူန်းဖို့မလွယ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါဟာ ဆီးရီးယားအစိုးရကအတိုက်အခံအင်အားစုတွေနဲ့ ဆင်နွှဲခဲ့တဲ့ ၂ နှစ်တာတိုက်ပွဲကာလအတွင်း ဆီးရီးယားအစိုးရရဲ့ အားနည်းလာမှုကို ဆီးရီးယားရဲ့ မဟာမိတ်ရုရှားနိုင်ငံက ပထမဆုံးအကြိမ် အဖြစ်ဖော်ပြလိုက်တာ လဲဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံထဲကစစ်ပွဲနဲ့ ပါတ်သက်လို့ ကုလသမ္မဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို တရုတ်နဲ့ရုရှားနိုင်ငံတွေက ထပ်တလဲလဲ ပိတ်ဆို့ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG