ဆီရီးယားနိုင်ငံရဲ့ ယာယီသမ္မတ Ahmad al-Sharaa ဟာ သူ့ရဲ့ ပထမဆုံးပြည်ပနိုင်ငံ ခရီးစဉ်အဖြစ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ အခုလို ဆော်ဒီနိုင်ငံကို သွားလိုက်တဲ့အတွက် ဆီးရီးယားအစိုးရအနေနဲ့ ဒေသတွင်းမှာ အီရန်ဟာ သူတို့ရဲ့ အဓိကမဟာမိတ်နိုင်ငံ မဟုတ်တော့ဘူးဆိုတာကို ပြသဖို့ ကြိုးစားတဲ့အနေနဲ့ သွားရောက်တာ ဖြစ်နိုင်ပါတယ်။
သူနဲ့အတူ သူ့အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး Assaad al-Shaibani တို့ ၂ ဦးဟာ ဆော်ဒီနိုင်ငံရဲ့ ဂျက်လေယာဉ် နဲ့ Riyahd မြို့ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ဆော်ဒီနိုင်ငံပိုင် ရုပ်သံလိုင်းကလည်း ဆီးရီးယား ယာယီသမ္မတ al-Sharaa ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ်နဲ့ ဆော်ဒီနိုင်ငံ ရီယာ့ဒ်ကို လာရောက်ခဲတာ ဖြစ်တယ်လို့ နိုင်ငံတကာကို ကြေညာခဲ့ပါတယ်.
ဆီးရီးယား ယာယီသမ္မတ Ahmad al-Sharaa ဟာ ဒီခရီးစဉ်အတွင်း ဆော်ဒီနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ်တဲ့ Mohammed bin Salman နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ အာရပ်နွေဦး လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် အာဏာရှင်သမ္မတဟောင်း အာဆတ်အစိုးရ ပြုတ်ကျဖို့အတွက် သူပုန်အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ အာရပ်နိုင်ငံတွေထဲမှာ ဆော်ဒီနိုင်ငံလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Forum