သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အကဲခတ်အဖဲ့ွက ဆော်ဒီကိုယ်စားလှယ်တွေ ပြန်ရုပ်မည်


ဆီးရီးယား အကဲခတ်အဖဲ့ွက ဆော်ဒီကိုယ်စားလှယ်တွေ ပြန်ရုပ်မည်
ဆီးရီးယား အကဲခတ်အဖဲ့ွက ဆော်ဒီကိုယ်စားလှယ်တွေ ပြန်ရုပ်မည်

ဆီးရီးယားနိုင်ငံအနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အစီအစဉ်အတိုင်း အတိုက်အခံတွေရဲ့ ၁၀ လကြာ ဆန္ဒပြမှုတွေ အပေါ် အကြမ်းဖက် ဖြိုခွဲနေတာကို ရပ်တန့်ဖို့အရေး လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံကနေ ဆီးရီယားနိုင်ငံကို စေလွှတ်ခဲ့တဲ့ လေ့လာအကဲခတ်ရေး အဖွဲ့ဝင်တွေကို ပြန်ခေါ်ယူတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာကျင်းပတဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဆော့်ဒ် အယ်လ်ဖာဆယ်လ် ကကြေညာလိုက်တာပါ။ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆီးရီးယားကို စေလွှတ်ထားတဲ့ ၁၆၅ ဦးပါ လေ့လာအကဲခတ်အဖွဲ့ရဲ့ အစီရင်ခံစာကို သုံးသပ်ကြပြီး အဲဒီလေ့လာ အကဲခတ်အဖွဲ့ကို ဆက်ပြီးထားသင့် မထားသင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလေ့လာ အကဲခတ်အဖွဲ့ကို တစ်လတာ ဆီးရီးယားနိုင်ငံကို စေလွှတ်ထားခဲ့တာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ တာဝန်ပြီးဆုံးသွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အာရပ်အဖွဲ့ချုပ် ဝန်ကြီးများ ကော်မတီက တနင်္ဂနွေနေ့ စောစောပိုင်းတုန်းက လေ့လာအကဲခတ်အဖွဲ့ကို အင်အား ထပ်ဖြည့်ဖို့နဲ့ နောက်ထပ်တစ်လ ဆက်တိုးထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အာရပ်အဖွဲ့ချုပ်က စေလွှတ်တဲ့ အကဲခတ်အဖွဲ့ဟာ ဆီးရီးယား အတိုက်အခံတွေရဲ့ ပြစ်တင် ဝေဖန်မှုတွေ ခံနေရပါတယ်။ အကဲခတ်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဆီးရီးယားအစိုးရက ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေသလို ဆီးရီးယားအစိုးရက အဲဒီအကဲခတ်အဖွဲ့ကို အကာအကွယ်ယူပြီး အတိုက်အခံတွေကို သတ်ဖြတ်နေတယ်လို့ ပြစ်တင်ဝေဖန်ကြပါတယ်။

သမ္မတ ဘက်ရှာ အယ်လ်အာဆတ် ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားအောင် နိုင်ငံတကာကနေ ဖိအားတွေ ပေးကြဖို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ မူစလင်ဘာသာဝင် နိုင်ငံတွေအပြင် ဥရောပ နိုင်ငံတွေနဲ့ တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု တို့အနေနဲ့ ပါဝင် ဆောင်ရွက်ကြဖို့လည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG