သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဟင်က အစ္စရေးတိုက်ခိုက်ကြောင်း ဆီးရီးယား စွပ်စွဲ


Aleppo and Damascus, Syria
Aleppo and Damascus, Syria

အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဆီးရီးယားဘက်က စွပ်စွဲလိုက်ပါတယ်။ တကြိမ်ဟာ Damascus အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်တိုက်ခိုက်မှုတခုကိုတော့ လက်ဘနွန်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ Dimas မြို့အနီးမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးရန်သူတွေဟာ နေရာနှစ်ခုကို ကျူးကျော်ရန်စတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်၊ ဒါပေမယ့် အသေအပျောက် ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ ဆီးရီးယားနိုင်ငံပိုင် ရုပ်သံဌာနကနေ ကြေညာပါတယ်။

ဆီးရီးယားနိုင်ငံတဝှမ်း တိုက်ပွဲဖြစ်ပွားရာအရပ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ နေတဲ့အဖွဲ့ကတော့ ဒီမတ်စ်မြို့အနီးမှာရှိတဲ့ စစ်တပ်ပိုင်နေရာတနေရာရဲ့ အပြင်ဖက်မှာ ပေါက်ကွဲမှု ၁၀ ကြိမ်ကြားခဲ့ရတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်နီးပါးက ဆီးရီးယားနိုင်ငံမှာ သမ္မတဘာရှာ အယ်လ်အာဆတ်အပေါ် ဆန့်ကျင်တဲ့တော်လှန်ရေး စတင်ခဲ့ပြီးတဲ့နောက်ပိုင်း အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ တော်တော်များများ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးက မသိကျိုးကျွံနေခဲ့သလို တနင်္ဂနွေနေ့ မှာ ဆီးရီးယား ထုတ်ပြန်ခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမှတ်ချက် တစုံတရာပေးပြောဆိုခြင်းမရှိပါဘူး။

XS
SM
MD
LG