သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ တိုက်လေယာဉ် ဆီးရီးယား ပစ်ချ


တူရကီလေတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးဟာ ဆီးရီးယားရဲ့ရေပြင်ထဲမှာ ဆီးရီးယားရဲ့ပိုင်နက်ထဲကို ဖြတ်သန်းဝင်ရောက်လာခဲ့တဲ့အတွက်ကြောင့်မို့ ဆီးရီးယားကပစ်ချလိုက်တာဖြစ်တယ်လို့ ဆီးရီးယားဘက်က ပြောဆိုလိုက်ပါတယ်။

တူရကီနိုင်ငံ အန်ကာယာမြို့တော်မှာ အစိုးရစစ်တပ်နဲ့ ထောက်လှမ်းရေးတို့ရဲ့ ထိပ်ပိုင်းအရာရှိကြီးတွေ နှစ်နာရီကြာ လုံခြုံရေး အရေးပေါ်အစည်းအဝေးထိုင်ပြီးတဲ့နောက်မှာ မနေ့က သောကြာနေ့က မြေထဲပင်လယ်ထဲမှာ တူရကီလေတပ်ဂျက်တိုက်လေယာဉ်တစ်စီးကို ဆီးရီးယားတပ်တွေက ပစ်ချခဲ့ပြီးတော့ တိုက်လေယာဉ်မှူးနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တူရကီဝန်ကြီးချုပ် ရီဆက်ထရက်အာရကွန်ကကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီအရေးနဲ့ပတ်သတ်ပြီး ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မကြာခင်မှာ ဆုံးဖြတ်မယ်လို့ ပြောဆိုပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။ အမေရိကန်ပြည်ထောင်စုက ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် နူတ်ထွက်ပေးရေး တောင်းဆိုမူကို တူရကီနိုင်ငံက ထောက်ခံထားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂရဲ့ သံတမန် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း အကြမ်းဖက်တိုက်ခိုက်မူရပ်ဆိုင်းကြဖို့ အတိုက်အခံနဲ့အစိုးရနှစ်ဘက်စလုံးကို နိုင်ငံတကာက ဖိအားတွေပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG