သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်စာရင်းတချို့ ဆီးရီးယားစတင်ပေးအပ်


ဆီးရီးယား ဓာတုလက်နက်ကျွမ်းကျင်ပညာရှင် ဓာတ်ငွေ့ကာ မျက်နှာဖုံးဖြင့် ဓာတုလက်နက်နှင့်တိုက်ခိုက်ခံရကြောင်း စွတ်စွဲခံထားရသော ဒမတ်စကပ်မြို့တွင်း၌ စစ်ဆေးခဲ့စဉ်။
ဆီးရီးယား ဓာတုလက်နက်ကျွမ်းကျင်ပညာရှင် ဓာတ်ငွေ့ကာ မျက်နှာဖုံးဖြင့် ဓာတုလက်နက်နှင့်တိုက်ခိုက်ခံရကြောင်း စွတ်စွဲခံထားရသော ဒမတ်စကပ်မြို့တွင်း၌ စစ်ဆေးခဲ့စဉ်။
ဓာတုလက်နက်အစီစဉ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဆီးရီးယားနိုင်ငံက အမေရိကန်နဲ့ရုရှားတို့ သတ်မှတ်ထားတဲ့အစီစဉ်အတိုင်း စောင့်ကြည့်အရေးအဖွဲ့တစ်ခုကို စတင်ပေးအပ်လိုက်ပါပြီ။

OPCW ခေါ် ဓာတုလက်နက် ဟန့်တားရေးအဖွဲ့အစည်းက ဆီးရီးယားအစိုးရဟာ သူတို့ရဲ့ ဓာတုလက်နက် သိုလှောင်ရုံများရဲ့ စာရင်း တစိတ် တဒေသကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

နောက်ဆက်တွဲအချက်အလက်တွေကိုတော့ အခုလာမယ့် စနေ တနင်္ဂနွေနေ့မှာ လက်ခံရရှိမယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ပြောပါတယ်။ ဆီးရီးယားရဲ့ကြေညာချက်အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG