သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆွေးနွေးပွဲ တကေ ျာ့ပြန်စ


ဆီးရီးယားအရေး ဆွစ်ဇာလန် ဆွေးနွေးပွဲ ( ၁၅ အောက်တိုဘာ ၂၀၁၆ )
ဆီးရီးယားအရေး ဆွစ်ဇာလန် ဆွေးနွေးပွဲ ( ၁၅ အောက်တိုဘာ ၂၀၁၆ )

ဆီးရီးယားပြည်တွင်းပဋိပက္ခတွေကို သံတမန်ရေးနည်းနဲ့ အဖြေရှာရေး ကြိုးပမ်း တဲ့ ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ စနေနေ့မှာ ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာ စတင်ပါပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry၊ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Staffan de Mistura တို့ တက်ရောက်လာကြသလို အီဂျစ်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက် လာပါတယ်။ အလက်ပိုမြို့ကို ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ကျောေ ထာက်နောက်ခံပေးထားတဲ့ လေကြောင်းကနေ တိုက်ခိုက်နေတာပါ။ ဒီလို သံတမန်ရေးအရ ဆွေးနွေးရာကနေ အထူးမျှော်လင့်ချက်တော့မရှိဘူး လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးSergei Lavrov ကသောကြာနေ့က ပြောပါတယ်။

အလက်ပိုမြိုကနေ ဒဏ်ရာရသူတွေကို ဘေးလွှတ်ရာရွှေ့ပြောင်းပေးဖို့၊ လက်နက်ကိုင် တပ်တွေ ဝိုင်းခံထားရတဲ့နေရာတွေကို အစားအစာနဲ့ဆေးဝါးအကူအညီတွေ ပေးပို့နိုင်ဖို့ မြို့အရှေ့ပိုင်းကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ၇၂ နာရီကြာ ရပ်နားပေးဖို့ ထင်ရှားတဲ့ အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

အလက်ပိုမြို့ထဲမှာအရပ်သားထောင်ပေါင်းများစွာပိတ်မိနေတာပါ။ သူပုန်တွေက မြို့အရှေ့ပိုင်းကို ထိန်းချုပ်ထားပြီး၊ ကျန်တဲ့အပိုင်းတွေကိုတော့ အစိုးရတပ်တွေက ထိန်းချုပ်ထားပါတယ်။ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် ပြုတ်ကျရေးတိုက်ပွဲဝင်နေတဲ့သူပုန်တွေကို ပစ်မှတ်ထား တိုက်နေတယ်ဆိုတဲ့ ရုရှားနဲ့ မဟာမိတ် ဆီးရီးယားတပ်တွေက အလက်ပိုမြို့တဝိုက်က ဆေးရုံတွေနဲ့ ကုလသမဂ္ဂ အကူအညီပေးရေးယာဉ်တန်းတွေကို ဗုံးကြဲတိုက်ခိုက်ပါတယ်။ ဒီလုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး အနောက်နိုင်ငံတွေက စွပ်စွဲထားတာဖြစ်ပါတယ်။ စစ်သွေးကြွ သူပုန်တွေကို တိုက်ခိုက်တာလို့ ရုရှားနဲ့ ဆီးရီးယားတို့ကပြောပေမယ့်လည်း ဗုံးကြဲတိုက်ခိုက်မှုအတွင်းကလေးငယ် အတော်များများအပါအဝင် အရပ်သားတွေ သေဆုံးနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG