Switzerland နိုင်ငံ Geneva မြို့မှာ ကုလသမဂ္ဂကြားဝင်စေ့စပ် ဆွေးနွေး ပေးနေတဲ့ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား စည်းဝေးပွဲကို
ဒီကနေ့မှာလည်း ဒုတိယနေ့အဖြစ် ဆွေးနွေးကြပါတယ်။
အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဆီးရီးယား အကျဉ်းထောင်တွေထဲက အကျဉ်းသား ထောင်နဲ့ချီပြန်လွှတ်ရေးကိစ္စကို ဒုတိယနေ့စည်းဝေးပွဲမှာ အဓိကထားဆွေးနွေးကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂကြားဝင်စေ့စေပ်ပေးသူ Lakhdar Brahimi က ပြောပါတယ်။
ဂျနီဗာမြို့ ကုလသမဂ္ဂရုံးထဲက အခန်းတခုမှာ စနေနေ့တုန်းက နှစ်ဘက် မျက်နှာချင်းဆိုင် ၂ ကြိမ်တွေ့ဆုံခဲ့ကြတယ်လို့ မစ္စတာ Brahimi က သတင်းထောက်တွေကို ပြောပါတယ်။ Homs မြို့မှာ အလွန်အမင်းလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီကိစ္စကို ၂ ဖက်က ဆွေးနွေးခဲ့ကြပြီး၊ Homs မြို့ထဲက Old City အရပ်ကို လူသားချင်းစာနာမှု အကူအညီတွေပါတဲ့ ယာဉ်တန်းတခု မကြာခင် သွားနိုင်တဲ့ ရလာဒ်ရမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။
အစိုးရကိုပုန်ကန်နေကြတဲ့ သူပုန်တွေလက်ကနေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အစိုးရတပ်တွေကကြိုးစားပြီး အကြီးအကျယ် ထိုးစစ်ဆင်
တိုက်ခိုက်မှုတွေခံရတဲ့ထဲမှာ Homs မြို့လည်း ပါဝင်ပါတယ်။ အစိုရက ရေဖြတ်ထားတဲ့ Homs မြို့ထဲက အစာရေစာငတ်ပြတ် သေလုမျောပါး ဖြစ်နေကြသူတွေအတွက် စနေနေ့က ဆွေးနွေးမှုဟာ လိုအပ်တယ်လို့ အတိုက်အခံကိုယ်စားလှယ် Louay Safi က သတင်းထောက်တွေကို ပြောပါတယ်။
ညှိနှိုင်းမှုတွေ မလုပ်ခင် ကြိုတင်ဆွေးနွေးမှုဖြစ်တယ်လို့ ဆွေးနွေးပွဲကို သူက ပြောခဲ့ပါတယ်။ တနင်္လာနေ့မှာ အစိုးရနဲ့ အတိုက်အခံတွေကြား ညှိုနှိုင်းမှုတွေကို တနင်္လာနေ့မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ ညှိုနှိုင်းမှုရဲ့ အဓိက ရည်ရွယ်ချက်က အာဏာရှင်လက်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ဖြစ်တယ်ဆိုတာကို မစ္စတာ Safi က အကြိမ်ကြိမ်ပြောခဲ့ပါတယ်။