သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလယာယီရွှေ့ဆိုင်း


ဂျနီဗာမှာ လက်ရှိကျင်းပနေတဲ့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂ က ဗုဒ္ဓဟူးနေ့မှာ ဖေဖော်ဝါရီလကုန် အထိ ရွှေ့ဆိုင်း ထားလိုက်ပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယားအစိုးရကို ဖယ်ရှားဖို့ ကြိုးပမ်းနေတဲ့ အတိုက်အခံအုပ်စုတွေကြား တလှည့်စီ တွေ့ဆုံဆွေးနွေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura က ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ရတာဟာ ယာယီသာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့သလို၊ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ အဆုံးသတ်မသွားသေးဘူးလို့ လည်း ပြောဆိုလိုက်ပါတယ်။

သူပုန်တွေသိမ်းပိုက်ထားတဲ့ Aleppo မြို့က Shi'ite ကျေးရွာ ၂ ရွာကို ဆီးရီးယားစစ်တပ်က ပြန်လည်သိမ်းပိုက်ပြီး အစိုးရက အကြီးအကျယ် အောင်ပွဲခံခဲ့ကြောင်း ပြောဆိုခဲ့အပြီးမှာပဲ အခုလို ဆွေးနွေးပွဲတွေ ယာယီရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG