သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆွေးနွေးပွဲ ကျင်းပနိုင်ခြေ ကုလကိုယ်စားလှယ်အားမရ


လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ဆီးရီးယားက ၁.၅ တန်အလေးချိန်ရှိ အသေခံ ထရပ်ကားဗုံးခွဲတိုက်ခိုက်မှု မြင်ကွင်း။ (အောက်တိုဘာ ၂၀၊ ၂၀၁၃)
လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ဆီးရီးယားက ၁.၅ တန်အလေးချိန်ရှိ အသေခံ ထရပ်ကားဗုံးခွဲတိုက်ခိုက်မှု မြင်ကွင်း။ (အောက်တိုဘာ ၂၀၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံအလယ်ပိုင်း Hama မြို့မှာ တနင်္ဂနွေနေ့က ထရပ်ကား ဗုံးပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားဆိုင်ရာ အထူး ကိုယ်စားလှယ် Lakhdar Brahimi က နှောင့်နှေးနေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ညီလာခံကို ဂျီနီဗာမြို့မှာ ရှေ့လအတွင်း ကျင်းပမယ့်အရေးနဲ့ ပတ်သက်လို့ သိပ်အားမရကြောင်း ပြောဆိုလိုက်ပါတယ်။

အာရပ်အဖွဲ့ချုပ်အကြီးအကဲ Nabil el-Araby က ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ နိုင်ငံတကာညီလာခံတရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျင်းပမယ်လို့ ကိုင်ရိုမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ Mr. Brahimi က ယုံကြည်အားထားရတဲ့ အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့မပါဘဲနဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထမြောက်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ တူရကီ၊ အီရန်နဲ့ ဆီးရီးယားကို သွားရောက်ပြီးမှသာ ငြိမ်းချမ်းရေးညီလာခံတကယ်ကျင်းပမယ့်ရက်ကို လူသိရှင်ကြား ကြေညာနိုင်မယ်လို့လည်း ဆိုပါတယ်။

အနောက်နဲ့ အာရပ်နိုင်ငံတွေက သံတမန်တွေဟာ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်တွေကို အဲဒီညီလာခံတက်ရောက်ဖို့ ဆွဲဆောင်ရေး အတွက် အင်္ဂါနေ့မှာတွေ့ဆုံဖို့ ပြင်ဆင်နေကြပါတယ်။ အာရပ်အဖွဲ့ချုပ်အကြီးအကဲကရော မစ္စတာ Brahimi ကပါ ညီလာခံကျင်းပရေးမှာ အထစ်အငေါ့တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြပါတယ်။
XS
SM
MD
LG