သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး


ဆီးရီးယားက ဓာတုလက်နက်နဲ့တိုက်လာနိုင်ဖွယ်အပေါ် တူရကီရဲ့စိုးရိမ်မှုအကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေတဲ့ NATO စစ်ဗိုလ်ချုပ် Anders Fogh
ဆီးရီးယားက ဓာတုလက်နက်နဲ့တိုက်လာနိုင်ဖွယ်အပေါ် တူရကီရဲ့စိုးရိမ်မှုအကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေတဲ့ NATO စစ်ဗိုလ်ချုပ် Anders Fogh
ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက် သုံးစွဲခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ချက်ချင်းအရေးယူ တုံ့ပြန်မှုလုပ်ဖို့ လုံလောက်တဲ့အကြောင်း ဖြစ်လိမ့်မယ်လို့ NATO အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ကပြောလိုက်ပါတယ်။

ဓာတုလက်နက် အသုံးပြုဖွယ်ရှိတယ်ဆိုတဲ့အချက်ဟာ လုံး၀ လက်ခံနိုင်ဖွယ်မရှိဘူးလို့ နေတိုး စစ် စာချုပ်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Anders Rasmussen က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှုကို ဟန့်တားနိုင်ဖို့ ဆီးရီးယားနိုင်ငံနဲ့ နယ်ခြား တလျှောက်မှာ Patriot ဒုံးခွင်းဒုံးတွေ ချထားရေး တူရကီနိုင်ငံရဲ့ တောင်းဆိုမှုကို နေတိုး အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ထားချိန်မှာ အခုလို မစ္စတာ ရပ်စ် မူဆင်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဘရပ်ဆဲလ်မြို့ မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ တူရကီနိုင်ငံက ဆီးရီးယားဘက်ကနေ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက် လာနိုင်တဲ့အတွက် ကာကွယ်ဖို့အတွက် ဒုံးခွင်းဒုံးတွေ တပ်ဆင်ထားဖို့ လိုအပ်နေပြီလို့ ပြောနေတာပါ။

သမ္မတဘာရှာ အယ်အာဆတ်ရဲ့ ၁၂ နှစ်တာ အုပ်ချုပ်မှု အဆုံးသတ်သွားစေရေး ကြိုးပမ်းနေတဲ့ အတိုက်အခံ သူပုန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်ရာမှာ ဓာတုလက်နက် အသုံးမပြုဖို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

မစ္စတာအာဆတ်ကို သစ္စာခံတဲ့တပ်တွေက ဓာတုလက်နက် အသုံးပြုဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ အမေရိကန်ထောက်လှမ်းရေးက သတင်းအစအန ရရှိထားလို့ဖြစ်ပါတယ်။

မစ္စတာအာဆတ်နဲ့ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ တပ်တွေအနေနဲ့ ဓာတုလက်နက် အသုံးပြုခြင်း ရှိမရှိဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတာ သိထားစေချင်တယ်လို့ သမ္မတအိုဘားမား က ဝါရှင်တန်မြို့တော်မှာ တနင်္လာနေ့က ပြောဆိုလိုက်တာပါ။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဓာတုလက်နက် အသုံးပြုဖွယ်ရှိနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တနင်္လာနေ့က ပယ်ချလိုက်ပါတယ်။။
XS
SM
MD
LG