သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို လက်နက်တင်ပို့တဲ့သင်္ဘော တူရကီဖမ်းဆီး


ဆီးရီးယားကို လက်နက်တင်ပို့တဲ့သင်္ဘော တူရကီဖမ်းဆီး

ဆီးရီးယားအလံတင်ထားပြီးတော့ ဆီးရီးယားနိုင်ငံဆီကို စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးကို တူရကီရေပိုင်နက်ထဲမှာ တူရကီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ တူရကီဝန်ကြီးချုပ် ရီဆပ် တာရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ဒီကနေ့ နယူးယောက်မြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးမှုအသေးစိပ်ကိုတော့ မစ္စတာ အာဒိုဂန်က မပြောသွားပါဘူး။

တူရကီရဲ့ ကုန်းမြေ၊ ရေပြင်နဲ့ လေပြင် တို့ကိုဖြတ်သန်းပြီး ဆီးရီးယားအတွက် ဘယ်ပုံစံမျိုးနဲ့ စစ်လက်နက်တွေကိုမဆို သယ်ဆောင်ခွင့်ပြုမှာမဟုတ်ဘဲ တူရကီက ကြားဖြတ်ပြီး ဖမ်းဆီးမှာဖြစ်တယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

ဆီးရီးယားနဲ့ တူရကီတို့ရဲ့ ဆွေးနွေးပွဲတွေကို တူရကီဘက်က ရပ်ဆိုင်းလိုက်ပြီးတော့ ဆီးရီးယားကို တူရကီက ပိတ်ဆို့အရေးယူ ဒဏ်ခတ်ဖို့ စဉ်းစားနေတယ်လို့လည်း မစ္စတာ အာဒိုဂန်က ဒီသီတင်းပတ် အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းလို့ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

ဥရောပသမဂ္ဂကလည်း အရေးယူဒဏ်ခတ်မှုအသစ်အနေနဲ့ ဆီးရီးယားနိုင်ငံမှာ ရေနံအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆီးရီးယားဗဟိုဘဏ်အတွက် ငွေစက္ကူကို ပြည်ပက ရိုက်နှိပ်တင်ပို့ပေးမှုကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

XS
SM
MD
LG