သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို တူရကီ နောက်ဆုံးသတိပေး


ဆီးရီးယားကို တူရကီ နောက်ဆုံးသတိပေး
ဆီးရီးယားကို တူရကီ နောက်ဆုံးသတိပေး

ဆီးရီးယား အစိုးရက အရပ်သားတွေအပေါ် ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေ အကန့်အသတ်မရှိ ချက်ချင်း ရပ်တန့်ဖို့ အိမ်နီးချင်း တူရကီနိုင်ငံက သတိပေး ပြောကြားလိုက်ပါတယ်။ ဒါဟာ ဆီးရီးယား အာဏာပိုင်တွေကို နောက်ဆုံး သတိပေးခြင်း ဖြစ်တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက် ဒါဗူတော့ဂ်လူ (Ahmet Davutoglu) က ပြောလိုက်တာပါ။

ဆီးရီးယားနိုင်ငံ အတွင်းက လာတာကီယာ (Latakia) ဆိပ်ကမ်းမြို့ကို စစ်တပ်က အမြောက်တွေနဲ့ ပစ်ခတ်နေတယ်လို့ သတင်းတွေ ထွက်လာနေတဲ့ အချိန်မှာပဲ တူရကီ နိုင်ငံခြားရေးဝန်ကြီးက အန်ကာရာမြို့မှာ သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။

အဲဒီမြို့မှာ ရှိနေတဲ့ အစိုးရ ဆန့်ကျင်သူတွေကို စစ်တပ်က ၃ ရက်မြောက်နေ့အဖြစ် ဆက်တိုက် တိုက်ခိုက်နေတာပါ။

တနင်္လာနေ့က သေဆုံးသွားတဲ့ ၂ ယောက် အပါအဝင် စနေနေ့ကစပြီး အဲဒီ ဆိပ်ကမ်းမြို့မှာ သေဆုံးသူ ဦးရေဟာ ၃၀ လောက် ရှိသွားပြီလို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒီမြို့က ထွက်ပြေးဖို့ ကြိုးစားသူတွေကို ဆီးရီးယားစစ်တပ်က စစ်ဆေးရေး ဂိတ်တွေမှာ ပစ်သတ်နေတယ်လို့လည်း လာတာကီယာမြို့က မျက်မြင်သက်သေတွေက ပြောပါတယ်။

ဟုမ်းစ် (Homs) မြို့အနီးက ဟူလာ (Houla) မြို့မှာလည်း တင့်ကားတွေရဲ့ အကူအညီနဲ့ ဆီးရီးယား စစ်တပ်က အိမ်တွေကို ဝင်စီးပြီး လူတွေကို ဖမ်းဆီးနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လာတာကီယာနဲ့ ဟုမ်းစ်မြို့တို့ဟာ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတဲ့အထဲ အကြီးဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့မြို့တွေ ဖြစ်ပါတယ်။

XS
SM
MD
LG