သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတပ်တွေ ဆီးရီယားနယ်စပ်မှာ ကင်းလှည့်စောင့်ကြပ်


တူရကီတပ်တွေ ဆီးရီယားနယ်စပ်မှာ ကင်းလှည့်စောင့်ကြပ်နေကြစဉ်
တူရကီတပ်တွေ ဆီးရီယားနယ်စပ်မှာ ကင်းလှည့်စောင့်ကြပ်နေကြစဉ်
ဒီသီတင်းပတ် အစောပိုင်း ဆီးရီးယားနဲ့ နယ်စပ် တူရကီနိုင်ငံထဲမှာ လူတွေ သေကြေခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် တူရကီတပ်ဖွဲ့တွေ အဲဒီနယ်စပ်တလျှောက်မှာ ကင်းလည့်နေကြပါတယ်။ ဆီးရီးယားဘက်ခြမ်းကက ပစ်မှတ်တွေကို တူရကီတပ်ဖွဲ့တွေက ပစ်ခတ်မှုတွေ လုပ်ခဲ့အပြီး ခုလို နယ်စပ်မှာ တပ်ဖွဲ့တွေ ကင်းလှဲ့တာ ဖြစ်ပါတယ်။ စစ်ရေးတိုက်ခိုက်မှုတွေ နယ်စပ်မှာ လိုအပ်ရင် လုပ်သွားဖို့ တူရကီ လွှတ်တော်ကလည်း ခွင့်ပြုထားပါတယ်။

ဗုဒ္ဓဟူးနေ့က အရပ်သား ငါးယောက် သေဆုံးခဲ့တဲ့ တူရကီဘက်ကမြို့ Akcakale မှာ လက်နက်ကြီးတွေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် တူရကီဘက်က ပြန်လည် ခုလို လက်နက်ကြီးနဲ့ ပစ်ခဲ့တာပါ။ ဆီးရီးယားမှာ ၁၈ လကြာ ပဋိပက္ခတွေ အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုဖြစ်တဲ့ Akcakale မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနေ့က ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဆီးရီးယား ပဋိပက္ခရဲ့ ကြီးမားတဲ့ အကျိုးဆက်တွေဟာ အိမ်နီးချင်း နိုင်ငံတွေကို ထိခိုက်သလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ လုံခြုံရေးကောင်စီက ဆိုပါတယ်။ တူရကီနိုင်ငံဘက်က စစ်ပွဲတွေ စ ဖို့ ဆန္ဒမရှိပေမဲ့ သူ့နယ်စပ်နဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့တော့ ဆုံးဖြတ်ထားတယ်လို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ပြောပါတယ်။
XS
SM
MD
LG