သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည်


တူရကီနိုင်ငံကို ပေးပို့မယ့် Patriot ဒုန်း
တူရကီနိုင်ငံကို ပေးပို့မယ့် Patriot ဒုန်း
ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီနိုင်ငံအနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်က တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု နဲ့ တပ်သား ၄၀၀ ကို စေလွှတ်လိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပနက်တားဟာ တူရကီနိုင်ငံကို သောကြာနေ့က မရောက်ခင်အချိန်ပိုင်းလေးအတွင်းမှာပဲ သူက ဒါတွေကို ပေးပို့ဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် George Little က ပြောလိုက်ပါတယ်။

အဲဒီ Patriot ဒုံးကျည်ပစ်လွှတ်မယ်စင်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း တပ်ဆင်နေရာချသွားမှာဖြစ်တယ်လို့ မစ္စတာ Little က ပြောပါတယ်။ ဒါပေမဲ့ တူရကီနိုင်ငံ ဘယ်နားမှာထားမယ်ဆိုတာကိုတော့ သူကပြောဖို့ ငြင်းဆန်သွားပါတယ်။

အစောပိုင်းက Incirlik လေတပ်အခြေစိုက်စခန်းမှာ ပြောကြားခဲ့တာမှာတော့ ၊ ဒီလိုလုပ်ခြင်းအားဖြင့် တူရကီနိုင်ငံရဲ့ ကာကွယ်ရေးကြိုးပမ်းချက်တွေကို အကူအညီပေးနိုင်မှာဖြစ်တယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။

တူရကီနိုင်ငံ ဒီလို ဒုံးကျည်ကာကွယ်ရေးစနစ်ရအောင် ကူညီနိုင်ပါတယ်။ ဒီကာကွယ်ရေးစနစ်က ဆီရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ အလွန်ကို အသုံးဝင်မှာဖြစ်ပါတယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။
XS
SM
MD
LG