သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံ ကုလအထူးသံနဲ့ ဆွေးနွေး


ကုလသမဂ္ဂအထူးသံတမန် Staffan de Mistura
ကုလသမဂ္ဂအထူးသံတမန် Staffan de Mistura

ကုလသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲအစပိုင်းကို သပိတ်မှောက်ခဲ့ပြီးတဲ့နောက် ဆီးရီးယား အဓိက အတိုက်အခံ အုပ်စုဟာ ကုလသမဂ္ဂအထူးသံတမန် Staffan de Mistura နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ အတိုက်အခံတွေဘက်က ဆွေးနွေးပွဲ မတက်စေဖို့ ဖြစ်စေခဲ့တဲ့ ကိစ္စရပ်တချို့ ပြေလည်စေရေးအတွက် တိုးတက်မှုတွေ ရှိခဲ့တယ်လို့ တွေ့ဆုံမှုအပြီး ၂ ဖက်စလုံးက ပြောပါတယ်။

သောကြာနေ့က စတင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အတိုက်အခံ အင်အားစုတွေ ပါဝင်လာလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်စိတ်ချထားသလို ပါဝင်လာစေဖို့အတွက်လည်း ကြိုးစား လုပ်ဆောင်သွားမယ်လို့ De Mistura က သတင်းထောက်တွေကို ပြောပါတယ်။

ဆွေးနွေးပွဲတွေကို မူလ သတ်မှတ်ရက်ထက် ၅ ရက် နောက်ကျပြီးမှ ကျင်းပခဲ့ရသလို အတိုက်အခံ ကိုယ်စားလှယ်တွေကလည်း ပထမနေ့မှာ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဆွေးနွေးမှုတွေဟာ အားရစရာကောင်းပြီး အပြုသဘောဆောင်ကြောင်း ဆီးရီးယား အတိုက်အခံအုပ်စု ပြောခွင့်ရက ပြောပါတယ်။ ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ ပူးတွဲ ပြုလုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ပိတ်မိနေတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့နိုင်ရေးအတွက် လမ်းတွေ ဖွင့်ပေးဖို့ အတိုက်အခံ အုပ်စုတွေက တောင်းဆိုနေတဲ့ကိစ္စကို ရည်ညွန်း ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ သူတို့အနေနဲ့ ဂျနီဗာမြို့ကို လာတာဟာ ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့သာဖြစ်ပြီး သမ္မတ Bashar al-Assad အစိုးရနဲ့ တိုက်ရိုက်မဟုတ်တဲ့ တွေ့ဆုံမှုမျိုးတောင် ပြုလုပ်ဖို့ လာတာမဟုတ်ဘူးလို့ အတိုက်အခံ အုပ်စုဖက်က ပြောပါတယ်။

XS
SM
MD
LG